Name နာမည်

ကျွန်တော်တို့ဆေးကျောင်းမှာ နာမည်အဆုံးစာလုံးနဲ့ ခုံနံပါတ်စဉ်တယ်။ မောင်တင့်ဆွေ၊ ခင်တင့်ဆွေနဲ့ ဂျွန်တင့်ဆွေ၊ သုံးယောက်တန်းလျှက်။ ကျွန်တော်တို့နောက်အတန်းမှာ မောင်သန်းဆွေနဲ့ ခင်သန်းဆွေ။ အားလုံးက အလွန်ခင်မင် ရင်းနှီးကြသူတွေချည်းပဲ။ မောင်သန်းဆွေနဲ့က ညီအကိုတဝမ်းကွဲတော်သေးတယ်။

ရှုမဝမဂ္ဂဇင်းတိုက်နဲ့ဆက်နေတဲ့ မောင်ဆွေတင့် ကွယ်လွန်သွားပါတယ်။ မောင်ဆွေတင့်နာမည်ကို ငယ်တုံးက ခဏခဏ ဖတ်ခဲ့ရတယ်။ နာမည်ပြန်ပြောင်းလည်းဖြစ်တော့ ပိုသတိထားမိတာပါ။ အဲသည်ကာလမှာ ရှုမဝ၊ မြဝတီနဲ့ ငွေတာရီမဂ္ဂဇင်း တွေသာ ရှိခဲ့တယ်။ နောက်မှ ဝင်းဦးက စန္ဒာမဂ္ဂဇင်းထုတ်တယ်။

ကျွန်တော်က စာမရေးတတ်ပါ။ ဒါပေမယ့် (နဝတ) ထုတ် မိုးလုံးပြည့်မုသာဝါဒစာအုပ်ထဲမှာ ကျွန်တော့်နာမည်ပါတယ်။ ကလောင်နာမည် မဟုတ်ပါ၊ တရားခံပြည်ပြေးတဲ့။ နာမည်စဉ်တော့ အဆုံးစာလုံးမဟုတ်ပါ။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး