Patient-Doctor communication လူနာ-ဆရာ အပြန်အလှန်ပေးစာ

• ဆရာရှင့် ကျွန်မအဖေ လည်ချောင်းယားလို့ဆိုပြီး ချောင်းဆိုးလိုက်တာ သွေးပါလာလို့ပါ။ ထပ်ဆိုးလိုက်ရင်းထပ်ပါလာရင်း ဖြစ်နေပါတယ်။ ကူညီညွှန်ကြားပေးပါနော်။

• အသက် မသိပါ။ ကျန်းမာရေးနောက်ခံ မသိပါ။

• ၇၁ နှစ်ပါဆရာ။ ကျန်းမာပါတယ်။ အချိုစားများတဲ့အခါ ချောင်းဆိုးတတ်ပါတယ်ဆရာ။ ခုဆိုးတာကခုည 10:40 ပါဆရာ။
• ကျွန်မစိုးရိမ်ပြီး အချိန်မတော် ဆရာကိုအပူကပ်မိပါတယ်။ တောင်းပန်ပါတယ်ဆရာ။ ကန်တော့ပါတယ်။ ကျွန်မ ဆရာ့စာကို အမြဲဖတ်နေတဲ့သူပါ။

• ဟုတ်။ Cough syrup for dry cough သောက်နိုင်ပါတယ်။

• ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ ဒီမနက်မဆိုးတော့ပါဘူးဆရာ။ ဆေးလည်းဝယ်ထားလိုက်ပါမယ်ဆရာ။ ကျွန်မတို့က တောင်ငူကပါဆရာ။

• ဟုတ်

• ဆရာရှင့် ကျွန်မအဖေ နေကောင်းသွားပါပြီ။ စစ်ဆေးစရာရှိတာအားလုံး စစ်ဆေးလိုက်တော့ အတွင်းမှာ ဘာရောဂါမှ မရှိပါဘူးတဲ့။ ဓါတ်မှန်ထဲမှာတော့ အဆုတ်ညာဘက်ခြမ်းက လေပြွန်တစ်ချောင်း ယောင်တယ်ပြောပါတယ်။ နေ့ခင်းမှာ ကွမ်းစားရင်း သီးသွားတယ်ပြောပါတယ်ဆရာ။ ညကျတော့ ချောင်းတအားဆိုးထုတ်ရင်း သွေတွေပါလာတော့ ကျွန်မတအားလန့်သွားလို့ပါ။ အခုတော့စိတ်အေးသွားပါပြီဆရာရယ်။ အဖေလည်း ကွမ်းဖြတ်လိုက်ပါပြီ။ ဆရာ ကျန်းမာချမ်းသာ၍ မိမိသူတပါးနှစ်ဦးသား အကျိုးများရွက်ဆောင်နိုင်ပါစေဆရာ။ ဆုတောင်းပေးပါတယ်။

• ဟုတ်လား။ ဆရာလည်း ဝမ်းသာတာပေါ့။

• ဆရာ အလေးထားပြီးဖြေပေးလို့ ကျွန်မတို့မိသားစုအားလုံးက ကျေးဇူးတင်ပါတယ်ဆရာ။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး