Play and Plot နေပြည်တော် စင်ပေါ်ကဇာတ်

အာဇာနည်တွေထဲက အာဇာနည်စာရင်းဝင်နှစ်ဦးပုံပေါ်မှာ ကြက်ခြေခတ်ထားတာကို အံ့သြတုန်လှုပ်စွာတွေ့လိုက်ရတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများလို့ တပြည်လုံးကသတ်မှတ်အလေးပြုကြရာမှာလည်း ဘယ်လူမျိုး၊ ဘယ်ဘာသာလို့ မရွေးပါ။

ဂဠုံဦးစောတပည့်တွေက ဘယ်လူမျိုး၊ ဘယ်ဘာသာလို့ မရွေးပါ။

၁၉၈၈ အပါအဝင် လူထုဆန္ဒပြမှုတိုင်းမှာ ခြင်္သေ့စစ်အစိုးရတွေကနေ ဘယ်လူမျိုး၊ ဘယ်ဘာသာလို့ မရွေးပါ။

ဘာဖြစ်လို့ ၂ဝ၁၅ ဇူလိုင်လရောက်မှာ အခုလိုဖြစ်လာတာလည်း။ လူတိုင်းသိကြမှာပါ။ အစွန်းရောက်ဘာသာရေးကို နိုင်ငံရေးထဲမှာ အသုံးချမှုတွေကနေစတာပါ။

အာဏာဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် တုတ်ပစ်လို့ရရ ခွေးကိုက်လို့ရရ၊ ယုန်ရတာလိုရင်းဆိုပြီး မုဆိုးတွေက လုပ်နေကြလို့ပါ။

နေပြည်တော်ကြီးမှာ သောနုထိုရ်နဲ့ တိရစ္ဆာန်ဇာတ်ခင်းနေကြတာသိပါလေစ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး