Political Monsoon နိုင်ငံရေးမုတ်သုံရာသီ

အာဇာနည်နေ့ အာဇာနည်ဗိမာန်မှာ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည့်တို့ အလေးပြုကြတဲ့ဓါတ်ပုံနှစ်ကိုယှဉ်ပြီး ခြေထောက်နေရာကို ဝိုင်းပြထားတယ်။ ဦးအောင်ဆန်းဦးက ဖိနပ်ချွတ်ထားပြီး ဒေါ်စုကမချွတ်လို့ ရစရာမရှိရေးထားတယ်။ ဦးအောင်ဆန်းဦး အဲလိုလုပ်တာအတွက် အလေးထားပါတယ်။ ကောင်းပါတယ်။

အလေးပြုထုံးစံတွေရှိတယ်။ တိုင်းပြည်တွေမှာ မတူကြပါ။ တနိုင်ငံထဲမှာလည်း နေရာအလိုက်၊ တပ်အလိုက်မတူကြပါ။
ယူနီဖေါင်းပါရင် ညာဖက်လက်နဲ့ပြုရတယ်၊ လက်ချောင်းထိပ်နဲ့ နဖူးအကွာအဝေး သတ်မှတ်ထားတယ်။ တံတောင်ဆစ်အမြင့် သတ်မှတ်ထားတယ်။ ခါးမကုန်းရပါ၊ ဖိနပ်ချွတ်စရာမလိုပါ။ အရပ်ဝတ်ဆိုရင် ခါးကုန်းရတယ်။ ဖိနပ်ချွတ်စရာမလိုပါ။

ထိုင်ပြီး ကန်တော့တာမှာတော့ ထိခြင်းငါးပါးပြည့်စုံရတယ်။ အသက်ရသူတွေကို ဘုန်းကြီးတွေက ခွင့်ပေးတော်မူတယ်။ ကျွန်တော့်မွေးဇာတိ မင်းရွာမှာ ထမင်းစားရင် ဖိနပ်ချွတ်ရတယ်။

တဖက်ကလူတွေက ဒေါ်စုနဲ့ဆိုင်သမျှ အသက်ရှူတာကအစ အထအနကောက်နေကြတယ်။ နိုင်ငံရေးမုတ်သုံရာသီ ရောက်နေတာကိုး။

နှစ်ခြိုက်သဘောကျသူတွေလည်း လျှော့မသွားပါ။ ကျွန်တော်နေတဲ့ အင်ဒီယာနာပိုးလစ်မြို့က လင်မယားနှစ်ယောက် မြန်မာပြည်ကို အလည်ပြန်ကြတာ၊ ရင်းနှီးသူအမျိုးသမီးကြီးတဦးက လှမ်းမှာသတဲ့၊ သူ့အတွက် ဝတ်စုံတစုံဝယ်ခဲ့ဖို့။ တိတိကျကျမှာပါတယ်။ ဒေါ်စု တရုပ်ပြည်သွားတုံးကဝတ်တဲ့ ချိတ်လုံခြည်တဲ့။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး