The Omen နိမိတ်

တောင်ပြိုကမ်းပြိုလို့ အတော်သုံးလာကြတာကို သတိထားမိပါတယ်။ ဂန္ဒီအစည်းအဝေးတုံးကတော့ ၁၉၉ဝ ရလဒ်ကို လုံးလုံးလျားလျား အများစုအနိုင်ရရှိတယ်လို့ သုံးနှုန်းခဲ့ပါတယ်။

နိမိတ်လို့ပြောရမလား ရေကြီးလို့ တောင်ပြိုကမ်းပြိုတွေဖြစ်ပြီး၊ လူတွေတာ့ အတော်ကြီးအတိဒုက္ခရောက်နေကြတယ်။ အဆိုးထဲကအကောင်းမြင်ဖို့ ကြိုးစားမှုပါ။ ဒုက္ခပင်လယ်ဝေနေသူတွေကိုတော့ တောင်းပန်ပါတယ်။

ဆည်တွေလည်း ကျိုးသလိုလို ကြားရတယ်။ ပိတ်ဆို့ထားတာတွေ၊ တားဆီးထားတာတွေများ ကျိုးပေါက်ပျက်ကျလေမလား။ အဲတာကော နိမိတ်လား။

နိမိတ်ဆိုတာ အတိတ်ကို ပြောင်းပြန်ပြန်ဖို့သာဖြစ်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး