Water breaks ရေသောက်ချိန်

အိန္ဒိယမှာနေခဲ့ရတုံးက English Premier League အင်္ဂလိပ်-ပရီမီယာလိခ် ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်ခဲ့ရတယ်။ TV ကနေ ကေဘယ်ကြေး လစဉ်ပေးထားရတာ ဈေးမများလှပါ။

ယူအက်စ်ရောက်တော့ အဲလောက်အဆင်မပြေတော့ပါ။ ဈေးကြီးတယ်။ အွန်လိုင်းကနေ အခမဲ့ကြည့်လို့ရတာပဲ အားကိုးရတယ်။ အမေရိကဆိုတာလည်း ခြေထောက်နဲ့ကစားတဲ့ ဘောလုံးပွဲမှာ သိပ်နာမည်ကြီးလှတာ မဟုတ်။ ဟိုနေ့ကတော့ ကမ္ဘာ့အမျိုးသမီးမှာတော့ ဗိုလ်စွဲသွားပါတယ်။

အင်္ဂလိပ်-ပရီမီယာလိခ် ဘောလုံးပွဲတွေမလာသေးချိန်မှာ ကြည့်စရာရှာတော့ CONCACAF Gold Cup ကွာတားဖိုင်နယ် ယူအက်စ်အေနဲ့ ကျူးဘား ကစားနေကြတာ TV ကလာနေတယ်။ ယူအက်စ်အေက ၁ ဂိုး ရထားတယ်။ ပို့စ်မတင်ခင် နောက်တဂိုးရသွားပြန်တယ်။ MT Bank Stadium, Baltimore ဘာလ်တီမိုးမှာကစားနေကြတာပါ။

ဘောလုံးပွဲတွေမှာ Water breaks ရေသောက်ချိန်ဆိုတဲ့ အနားပေးခြင်းကို ၂ဝ၁၄ ကမ္ဘာ့ဘောလုံးပွဲကနေ စသုံးခဲ့တယ်။ အီတလီနည်းပြ Cesare Prandelli ကနေအဆိုပြုခဲ့တာဖြစ်ပါတယ်။ နာရီဝက်တခါ ၃-၄ မိနစ်ခွင့်ပြုမယ်။ ဆုံးဖြတ်ချက်ကို FIFA ရ့ venue medical officer ကျင်းပရာနေရာက ဖီဖါ ကျန်းမာရေးအရာရှိကနေ ဆုံးဖြတ်ပါမယ်။ 89.6F (32C) အပူချိန်ဆိုရင် ပေးပါမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး