Where there are doctors ဆရာဝန်တွေရှိတဲ့နေရာ

အခုလေးတင်းဓါတ်ဆားထုပ်ကို အိမ်မှာဘယ်လိုဖျော်ရမလည်းမေးလို့ ဖြေလိုက်ပါတယ်။

ရေကျက်အေး ၄ ခွက်ထဲမှာ သကြားလက်ဖက်ရည် ၈ ဇွန်း၊ ဆားလက်ဖက်ရည် ၁ ဇွန်းထည့်ပြီး အိပ်မှာတင် ဓါတ်ဆားရေ လုပ်နိုင်တယ်။ ပိုတက်ဆီယမ်ရအောင် လိမ်မော်ရည်တိုက်ပေးပါ။ ငှက်ပျောသီးကျွေးပါ။ အန်နေရင် နည်းနည်းချင်း ခဏခဏတိုက်ပါ။

မူကွဲနည်းတွေလည်းရှိပါသေးတယ်။

ရေကျက်အေး ၁ လီတာ (၁ ခွက် = ၂ဝဝ မီလီလီတာ - ၅ ခွက်) ထဲမှာ သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း + ဆား လက်ဖက်ရည်ဇွန်း တဝက်ထည့်ပြီးပါ။

ရေကျက်အေး ၁ လီတာ (၁ ခွက် = ၂ဝဝ မီလီလီတာ - ၅ ခွက်) ထဲမှာ သကြားလက်ဖက်ရည်ဇွန်း ၈ ဇွန်း + ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

Where there is no doctor ဆရာဝန်မရှိတဲ့နေရာမှာဆိုတဲ့စာအုပ်အကြောင်းနိဒါန်းပျိုးပြီး ကျွန်တော့်ထုတ်ချင်တဲ့စာအုပ်ကို Where there are doctors ဆရာဝန်တွေရှိတဲ့နေရာလို့ ခေါ်ချင်နေတယ်လို့ ပြောထားသေးတယ်။ ရွဲ့ပြောတာမဟုတ်ကြောင်းသိပြီမဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး