Processed meat causes cancer ပြုပြင်ထားတဲ့အသားတွေကနေ ကင်ဆာဖြစ်စေနိုင်

ကနေ့ WHO ကနေထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်စတဲ့ အစားအသောက်တွေ ပါဝင်တယ်။ အဲတာတွေကို Red meat ခေါ် ဝက်သား၊ အမဲသားတွေကနေထုတ်လုပ်တာဖြစ်တယ်။ WHO ရဲ့ ကင်ဆာသုတေသနဌာနက လေ့လာမှုပေါင်းရာကျော်ကနေတွေ့ရှိချက်အရ အူမကြီးကင်ဆာနဲ့ ဆက်စပ်နေတယ်လို့ ပြောတာပါ။

နေ့စဉ် အဲလိုအစာမျိုး ဂရမ် ၅ဝ (၁့၈ အောင်စ) တနည်းအားဖြင့် ဝက်ပေါင်ခြောက် ၂ ခု စားသုံးရင် အူမကြီးကင်ဆာ ဖြစ်စေဘို့ ၁၈% ပိုတိုးတယ်။ များလှတာတော့ မဟုတ်ပါ။ ပြုပြင်ထားတဲ့အစာတွေဆိုတာမှာ ဆားပါတယ်။ မီးကင်ထားတယ်၊ အနံကောင်းအောင်ထည့်ထားတယ်။ အထားခံအောင်လုပ်ထားတယ်။

နှိုင်းယှဉ်ပြောရရင် ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့တူတယ်။ မီးခံကျောက်မှုံဝင်တာနဲ့လည်းတူတယ်။ အန္တရာယ်တူတယ်လို့တော့ မဆိုလိုပါ။ အဲလိုပြုပြင်ထားတာမဟုတ်တဲ့ အမဲသား၊ ဆိတ်သား¬၊ သိုးသားပြုတ်ကျော်ကလည်း ကင်ဆာဖြစ်နိုင်ခြေမကင်းပါ။

ဒီတွေ့ရှိချက်ကနေ အစိုးရတွေနဲ့ နိုင်ငံတကာစောင့်ထိန်းရေးအဖွဲ့အစည်းတွေကို လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဘို့ သတိပေးတာဖြစ်တယ်။ အာဟာရရရှိမှုနဲ့ အန္တရာယ်ချိန်ဆိုဘို့ဖြစ်ပါတယ်။ ကမ္ဘာမှာနှစ်စဉ် ကင်ဆာနဲ့ သေဆုံးနေရသူပေါင်း ၃၄ဝဝဝ ယောက်မှာ အဲလို ပြုပြင်မွမ်းမှုများတဲ့အစားအစာတွေနဲ့ ဆက်စပ်နေနိုင်တယ်။ ၂ဝ၁၂ ခုနှစ်အတွင်း ကင်ဆာနဲ့သေဆုံးခဲ့ရသူပေါင်း ၈့၂ သန်းထဲက အစိတ်အပိုင်းတခုသာဖြစ်လို့ များလှတယ်လို့တော့ မဆိုလိုပါ။

ဒီလိုအစားအစာမျိုးကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေ ဥပမာ National Cattlemen's Beef Association ကတော့ ဒီအစီရင်ခံစာကို သဘောမတူကြပါ။

WHO ရဲ့ International Agency for Research on Cancer (IARC) ကတော့ သူတို့ပြောတာမှန်တယ်လို့ဆိုပါတယ်။
ဆေးလိပ်၊ အရက်၊ အာဆင်းနစ်တွေလိုကင်ဆာဖြစ်စေနိုင်တယ်။ ကင်ဆာတွေမှာ အူမကြီးကင်တာ၊ သရက်ရွက်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေပါဝင်တယ်။

လွတ်လပ်တဲ့အာဟာရပညာရှင်ဖြစ်သူ Dr Elizabeth Lundေါက်တာ အယ်လိဇဗက်လန်းပြောတာက ၂ဝ၁ဝ တုံးက သူလုပ်ခဲ့တဲ့သုတေသနအရ လူကြီးကင်ဆာလူနာ တသိန်း ထဲမှာ အူကင်ဆာ အဲလိုအသားတွေနဲ့ဆက်စပ်တာ ၃ ယောက် ပိုတွေ့ပါသတဲ့။ အသားစားသူတိုင်းဟာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး အသီးတွေပါစားပေးရင် အူမကြီးကင်ဆာဖြစ်ဘို့ နည်းတယ်လို့လည်းဆိုပါတယ်။

ပါမောက္ခ Ian Johnson အိုင်ယန်ဂျွန်ဆင်အဆိုကတော့ ဝက်ပေါင်ခြောက်နဲ့ ဝက်အူတောင့်ကို ဆေးလိပ် သောက်တာနဲ့တော့ မနိုင်းသင့်ပါ။ ဆေးလိပ်က အဆ ၂ဝ လောက်ပိုတယ်။

IARC အဆိုကတော့ ကင်ဆာဖြစ်စေနိုင်တဲ့အလားအလာမှာ လေကောင်းလေသန့်မရတာနဲ့ နေလောင်တာတွေက အတန်းအစား (၁)၊ ဝိုင် (၁)၊ ကော်ဖီ ၂ (ခ)၊ ကင်ထားတဲ့အသား ၂ (ခ)၊ ဆံပင်အလှပြင်တာက ၂ (က)၊ အသားနီ (အမဲသား၊ ဝက်သား၊ ဆိတ်သား) တွေဟာ အုပ်စု ၂ (က) မှာပါဝင်တယ်။ ပြုပြင်မွမ်းမံထားတဲ့အသားတွေက အုပ်စု (၁) မှာပါဝင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၅
http://www.theguardian.com/society/2015/oct/26/bacon-ham-sausages-processed-meats-cancer-risk-smoking-says-who

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး