Acacia leucophloea ရွာအဝင်လမ်းက တနောင်းပင်တန်း

၁။ မြကုန်းအလွန် ပုလဲမြို့အဝင် ထနောင်းပင်တန်း

၂။ ဆရာ ပုလဲမြို့အနောက်ဘက် လမ်းတလျှောက် ထနောင်းဖူးများ ဖူးပွင့်နေပြီ။ ထနောင်းဖူးတွေ သုပ်စားနိုင်ပြီဆရာ။ စာတပုဒ်ရေးနိုင်ပါစေ။

နွေနဲ့ ထနောင်း၊ ဆောင်းနဲ့ မန်ကျည်းလို့ ဆိုစကားရှိတယ်။ ကာရံပါရင် ဖတ်ရတာ အရသာရှိတယ်။ မှတ်ရတာ မေ့စရာမရှိပါ။ မိုးဥတုမှာသတိရတာကတော့ အရသာထူးတဲ့ တနောင်းဖူး။

တိုင်းရင်းဆေးမှာ ထနောင်းဖူးသုပ်စားရင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်တယ်၊ အပူငြိမ်းတယ်တဲ့။ ကျွန်တော်ကတော့ အပူပိုင်းဒေသ သဘာဝပေါက်အပင်တွေထဲမှာ ထီးနဲ့တူတဲ့ ထနောင်း၊ ရှားနဲ့ ကုက္ကိုပင်တွေပါတယ်လို့ ပထဝီမှာ သင်ခဲ့ရတာကို မမေ့ပါ။

ထနောင်းပင်က ပန်းချီဆန်တယ်။ ပင်စည် အဝါခံမှာ အညိုနဲ့အနက် ကွက်ကွက်ထင်ထင်ပါတယ်။ အကိုင်းထွက်ပုံဟာ အုပ်မိုးထားပေမဲ့ ထီးခရိုင်တွေလို ဖြောင့်တန်းမနေ။ ဖြာဝေပြီး အရွက်ကို ပင့်တင်ထောက်မ ပေးထားတယ်။ အရွက်ကြားက နေပျောက် အောက်ကိုကျစေတယ်။ နေရာတိုင်းမှာက ဆူး။ စူးရှ ချွန်မြနေတယ်။

ထနောင်းဖူးကို စားဖူးခဲ့တယ်။ ရွာအဝင်လမ်းဆီက ထနောင်းပင်တန်းကို လွမ်းပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၆
၃-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး