Carbetocin အပူဒဏ်ခံ ကလေးမွေး အသက်ကယ်ဆေး

ကနေ့ထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အရင်က သိပ်မသုံးဘဲထားခဲ့တဲ့ Carbetocin ဆေးကို WHO လေ့လာဆန်းစစ်မှုအရ ဒီဆေးဟာ ကလေးမွေးမိခင်ပေါင်းများစွာအသက်ကို ကယ်နိုင်မယ်လို့ဆိုပါတယ်။

ဆေးထားသိုရာမှာ အပူချိန်သတိထားရတယ်။ ပူပြီးစိုထိုင်းတာ မခံနိုင်ပါ။

ကမ္ဘာမှာ ကလေးမွေးပြီးစမိခင်ပေါင်း ၇ သောင်းနီးပါး နေ့စဉ်သေဆုံးနေကြရတယ်။ ဆောရီး။ PPH လို့ခေါ်တဲ့ မွေးပြီး သွေးသွန်ခြင်းကြောင့်ဖြစ်ပါတယ်။ မိခင်မဆုံးပါးရင်တောင်မှ ကလေးလည်း တနှစ်အတွင်သေဆုံးမှုနှုန်းများတယ်။

လက်ရှိ Oxytocinထိုးဆေးကို မွေးလမ်းကနေ ကလေးမွေးပြီးသူတိုင်း ထိုးပေးပါတယ်။ ဒီဆေးကိုလည်း အပူချိန် ၂ ကနေ ၈ ဒီဂရီမှာသာထားသိုရတယ်။ တောနယ်တွေနဲ့ လျှပ်စစ်မလုံလောက်တဲ့နေရာတွေမှာ ထားလို့မရပါ။

အခုလေ့လာမှုမှာ ၁ဝ နိုင်ငံက ကလေးမွေးမိခင်ပေါင်း ၃ သောင်းကိုပြုလုပ်ခဲ့ပါတယ်။ ကလေးမွေးပြီးပြီးခြင်း Carbetocin ဖြစ်ဖြစ် Oxytocin ဖြစ်ဖြစ် ထိုးပေးတယ်။ ဆေးတွေက အပူဒဏ်ခံနိုင်ကြတယ်။ အဲတာကို နိုင်ငံပေါင်း ၉ဝ မှာ သုံးနိုင်ပါလိမ့်မယ်။

Carbetocin ဆေးကို Duratocin, Pabal, Lonactene, Depotocin, Comoton, Decomoton လို့လည်းခေါ်တယ်။ ယူအက်စ်အေမှာတော့ မသုံးလို့ဆိုပါတယ်။

Revamped drug could save lives of many new mothers - WHO https://www.bbc.com/news/world-asia-44617525

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး