Mythical Birds ဟင်္သာမောင်နှံ

သမီးတို့ ပဲခူးရောက်နေကြတယ်။ သူ့ပို့စ်မှာ ရေးထားတယ်။ ဇနီးမယားကို ဦးစားပေးတယ်ဆိုတဲ့ ပဲခူးသားတို့အတွက် စံပြဟင်္သာဖိုမပုံလေး မှန်မမှန်ကို လင်ညီအမ ၅ ယောက် တော်တော်ဆွေးနွေးဖြစ်လိုက်ကြတယ်တဲ့။

ဟင်္သာရာဇဝင် ပုဝါတင်ပြောလို့ ကွန်မင့်ရေးလိုက်တယ်။ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောလို့ ဆိုစကားရှိလို့။ သမီးတို့တတွေမှာလည်း ဘုရားဝတ်ပြုစရာ ပုဝါကိုယ်စီပါမယ်ထင်လို့။

ဟင်္သာဟာ မွန်တိုင်းရင်းသားတွေအတွက် အမျိုးသားအမှတ်အသားဖြစ်တယ်။ မြတ်စွာဘုရား (၈) ဝါ မြောက်မှာ ငါဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီး၊ နှစ်ပေါင်း ၉ဝဝ၊ သည်နေရာမှာ အလွန်စည်ကားဝပြောတဲ့ တိုင်းပြည်ဖြစ်ပေါ်လာလတ္တံ့လို့ ဗျာဒိတ်ပေးတော်မူတယ်လို့ မွန်ရာဇဝင်မှာပါရှိတယ်။ အဲဒီနေရာ ကျောက်ဆောင်ဟာ ရေတက်ချိန်မှာ နေရာက ကျဉ်းလွန်းလို့ ခိုနားစရာ နေရာကွက်ကွက်ကလေးသာရှိပါသတဲ့။ ရွှေအဆင်းလို့ လှပတင့်တယ်ကြတဲ့ ဟင်္သာအမက ဟင်္သာထီးကျောပေါ်မှာ နားနေရတယ်လို့ ဆိုပါတယ်။ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်မှာတော့ ဟံသာဝတီမင်းနေပြည် ဖြစ်ခဲ့ပါသတဲ့။

ဟင်္သာမောင်နှံ၊ ကိန္နရီနဲ့ ကိန္နရာ၊ ဂဠုန်နဲ့ နဂါးတို့ဟာ မြန်မာ့ရာဇဝင်တွေ ဇာတ်လမ်းတွေထဲမှာ ထင်ရှားကြတယ်။ ဖတ်ရ နာရသူတွေက စွဲမက်တမ်းတကြပါတယ်။

အခက်အခဲရှိလာရင် ညှာတာတတ်တဲ့ ဟင်္သာစိတ်ထားလို့ မြန်မာပြည်သားတိုင်းမှာ ရှိကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး