Result နှင့် Gazette
Khine Zin Win မင်္ဂလာပါ ဆရာရှင့်။ သမီးတို့ စာမေးပွဲအောင်စာရင်းစောင့်တာကို Result မထွက်သေးဘူး စောင့်နေပါတယ်လို့ ပြောကြပါတယ်။ အများစုက gazette ဂေဇက်လို့ ပြောကြတာကို ကြားနေရပါတယ်ရှင့်။ Result နှင့် Gazette ကွဲပြားပုံလေးကို သိချင်လို့ပါရှင့်။
Result ရဲ့အဓိပ္ပါယ်
နာမ် = သက်ရောက်မှု၊ ဆက်တွဲဖြစ်မှု၊ ဖြစ်ပေါ်လာမှု၊ အဖြေ၊ ရလဒ်။
ကြိယာ = အထက်ပါအတိုင်း ဖြစ်စေသည်။
Gazette ရဲ့အဓိပ္ပါယ်
နာမ် = ဂျာနယ်၊ သတင်းစာ အမည်။ အစိုးရမှတ်တမ်း။
ကြိယာ = အထက်ပါကို ထုတ်ဝေသည်။
Result ရီဇတ် (ရီဇာ့လ်) ကို Gazette ဂဇက်လို့ ရောပြီးပြောကြတယ်။ မတူပါ။ ဂဇက်က အုပ်ချုပ်ရေးသဘောအရ တရားဝင်စာရင်းထဲ ထည့်သွင်းတာကို ခေါ်တယ်။ ဂဇက်တက် အော့ဖစ်ဆာဆိုတာ ပြန်တမ်းဝင်အရာရှိလို့ ဘာသာပြန်တယ်။
သတင်းစာ Gazette ကို ယုဒသန်အဘိဓာန်မှာ သိတင်းစာလို့ဘာသာပြန်ထားတယ်။ သတင်းစာဆရာတွေက အတော်သိကြလို့ ထင်တယ်။ ယုဒသန်အဘိဓာန်မှာ သတိထားစရာစာလုံးတွေ အဖုံးကစ ပါတယ်။ အင်္ဂလိတ်တဲ့။ ဘာသာခြားစာလုံးကို မြန်မာပြန်တဲ့အခါ အတိအကျရခဲတယ်။ အဲတာကို မှားတယ်လို့ပြောမရပါ။ ဆူပါမားကက်ကို စူပါမားကက်လုပ်တာ မှားတယ်။ အာထွာဆောင်းကို အာထွာစောင်းလုပ်တာ မှားတယ်။
စာမေးပွဲအောင်စာရင်းကို ရီဇာ့လ်လို့ပြောမှသာ မှန်ပါမယ်။
ဒေါက်တာတင့်ဆွေ
၁၈-၁ဝ-၂ဝ၁၇

Comments
Post a Comment