Patient-Doctor communication လူနာ-ဆရာဝန် ဆက်သွယ်ရေး
အင်တာနက် ဆေးသုတေသန JMIR မှာရေးသားလိုက်တဲ့ လေ့လာဆန်းစစ်မှုအဖြေတွေကို သည်လိုတွေ့ရပါတယ်။ • အမေရိကားမှာ Dutch community ဒတ်ခ်ျလူမျိုးအုပ်စု ၁၆့၆ သန်းနေထိုင်နေကြတဲ့အထဲမှာ ၉့၇ သန်းကို လေ့လာ ဆန်းစစ်မှုလုပ်ခဲ့တယ်။ လေ့လာဆန်းစစ်မှုမှာ ၆၃၅ ယောက်က အဖြေတွေပေးခဲ့ကြတယ်။ • ကျန်းမာရေးသတင်းအချက်အလက် ရှာဖွေရာ ၈၂့၇% အင်တာနက်ကိုအသုံးပြုကြတယ်၊ • ဆေးပညာရှင်များ၏ သတင်းအချက်အလက်များနောက်ကလိုက်သူ ၇၁့၁%၊ • ကျန်းမာရေး စောင့်ရှောက်ပေးသူများ၏ အဆင့်အတန်းကို စုံစမ်းကြသူ ၃၂့၂%၊ • အများဆုံးသိချင်ကြသည့် ဆေးပညာသတင်းအချက်အလက်မှာ ဆေးများ၏ ဘေးထွက်-ဆိုးကျိုးများ ၆၃့၅%၊ • ဒုတိယလိုက်တာက ရောဂါလက္ခဏာကိုသိချင်သူများ ၅၉့၇%၊ • ကျန်းမာရေးစောင့်ရှောက်ပေးသူများနှင့် ဆက်သွယ်လိုသူ ဒတ်ခ်ျလူမျိုးအသိုင်းအဝိုင်း၏ ၂၅့၎%၊ • သူတို့ထဲက ၂၁့၂% က Webcam ဝက်ဘ်-ကင်မ် နဲ့ ဆက်သွယ်ကြ၊ ၂၅% က Social Media ဆိုရှယ်မီဒီယာကနေ ဆက်သွယ်ကြတယ်။။ လူနာတွေကို ကိုယ်ထိလက်ရောက်ကုသမပေးနိုင်တဲ့ ကျွန်တော်ရဲ့ http://doctortintswe.blogspot.com/ ဘလော့ခ် ဆန်းစစ်မှုလုပ်တော့ သည်လိုတွေ့ရပါတယ်။ Entry Pageviews • Myanmar (Burma) = 3809 • United States = 597 • Singapore ...