China scorns NY Times on Myanmar

တရုပ်က မြန်မာသတင်းရေးတဲ့ နယူးယော့တိုင်းမ် သတင်းစာကို ပြစ်တင်လိုက်

• ၂၇-၁-၂ဝ၁၅ နေ့ ဆင်ဟွာသတင်းကရေးတာဖြစ်ပါတယ်။ တရုပ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Hua Chunying ဟွာ ချန်ယင်းကနေ နယူးယော့တိုင်းမ် သတင်းစာ The plunder of Myanmar မြန်မာကိုခိုးတဲ့သူ အယ်ဒီတာ့အာဘော်ကိုအဲလိုတုန့်ပြန်လိုက်တာပါ။ အချက်အလက်တွေကို တလွဲဖြစ်အောင် ရေးတာလို့ ချေပပါတယ်။
• နယူးယော့တိုင်းမ်အဆိုအရ တရုပ်ဟာ မြန်မာ့သဘာဝရင်းမြစ်တွေကို အလုံးအရင်းနဲ့ လုယက်ယူငင်နေတယ်လို့ ရေးလိုက်တာဖြစ်ပါတယ်။
• တရုပ်ရဲ့လောဘဟာ ကျားကနေ ကြေးနီအထိရှိတာမို့ သဘာဝဝန်းကျင်နဲ့ နိုင်ငံရေးတည်ငြိမ်မှုကို အန္တရာယ် ပေးနေတယ်။ မြန်မာလူထုက အဲလိုလုယူနေတာကိုရပ်စချေင်နေကြတယ်လို့ရေးထားပါတယ်။
• ကျမတို့က သေအချာသဘောမတူပါ။ ဒီလိုရေးတာဟာ တရုပ်နဲ့ မြန်မာအကြား သဘောထား ကွဲလွဲအောင် လုပ်တာ ဖြစ်တယ်လို့ ဟွာကဆက်ပြောပါတယ်။ တရုပ်က အမြဲပဲတရားမဝင်သစ်ခုတ်တာ၊ တရားမဝင် သတ္ထုတူးဖေါ်တာ၊ တရားမဝင် တောရိုင်းသဘာဝရောင်းဝယ်တာတွေကို ဆန့်ကျင်တယ်။
• ကျမတို့ဟာ မြန်မာနိုင်ငံအပ်အဝင် အိမ်နီးချင်းတွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ဘို့ရာ ဆုံးဖြတ်ထားပါတယ်။ ကျမတို့ဟာ တခြားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ တရုပ်လူမျိုးတွေကို ဒေသခံတရားဥပဒေတွေကို လိုက်နာကြဘို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဘို့နဲ့ ဒေသခံတွေ အကျိုးအမြတ်ရစေဘို့ ပြောထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး