UNA နဲ့ NLD ဆွေးနွေးကြမည်

• UNA ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ NLD လာမဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ UNA ညီလာခံမှာ တွေ့ဆုံဆွေးနွေးကြပါမယ်။
• (၁) နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်တယ်။
• UNA ကို တိုင်းရင်းသားနိုင်ငံရေးပါတီ (၈) ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရှမ်း၊ ကယန်း၊ ကချင်၊ မွန်၊ ဇိုမီး၊ ရခိုင်၊ ရှမ်း-ကိုးကန့်၊ ကရင်တိုင်းရင်းသားနိုင်ငံရေးပါတီတွေပါဝင်ပါတယ်။
• ဒါ့အပြင် ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့လဲ ဆွေးနွေးကြမှာဖြစ်ပါတယ်။
• UNA မှာပါဝင်ကြတဲ့ တိုင်းရင်းသားအင်အားစုတွေဟာ အခက်ခဲဆုံးကာလတွေမှာ NLD နဲ့အတူ ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံးနှစ်ကြိမ် လူသိရှင်ကြား ကျေးဇူးတင်စကား ဆိုပြီးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး