Impunity နောက်ကြောင်းပြန်နဲ့ ပီအာ

မနေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဆွေးနွေးပါတယ်။ ၄၃၆ ပြင်နိုင်ဖို့လိုတယ်။ နောက်ကြောင်းပြန်အရေးယူမှုကို စိုးရိမ်သူတွေ စိုးရိမ်မှုမရှိရလေအောင် ပီအာနစ်နဲ့ အစားထိုးသင့်တယ်တဲ့။

• ကျွန်တော် ၅-၁-၂ဝ၁၅ နေ့က Focus မိုးလေဝသခန့်မှန်းချက်ထဲမှာ ရေးခဲ့ဘူးတယ်။ အောက်တိုဘာမတိုင်ခင် ဖြစ်လာနိုင်စရာတွေ အများကြီးရှိတယ်။ ပီအာကို နေရာတကာမှာလုပ်မလာဘူးလို့ မပြောနိုင်ဘူးလို့ ရေးခဲ့ပါတယ်။
• ၂၇-၁-၂ဝ၁၅ နေ့ကလည်း Concise History ခေတ်သမိုင်း သံခိပ်ထဲမှာ ငါလုပ်ထားတာတွေကို နောက်ကြောင်းပြန် တရားစွဲမရဘူးဆိုတာ ထည့်ထားလို့ရေးခဲ့တယ်။
•  (စစ်အစိုးရကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုတွေအားလုံးကို) နောက်ကြောင်းပြန် အရေးယူခြင်းမရှိစေရဆိုတဲ့ ချွင်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်ထားပြီးသားဖြစ်တယ်။
• ဒါဖြင့်ရင် အခုအစိုးရလက်ထက်မှာ ကျူးလွန်တာတွေကိုပါ နောက်ကြောင်းပြန် အရေးယူမခံချင်တာလား။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး