From the bottom of heart

ကျွန်တော့်အိမ်နဲ့ဆေးခန်းလေး နောက်ဆုံးမြင်ကွင်းနဲ့ မိတ်ဆွေရင်းရဲ့ ရင်တွင်းစကား

နက်ဖြန်မှာ မွေးနေ့ကျရောက်မဲ့ ကိုစိန်ဝင်း၊ လက်ဆောင်တော့ မပေးနိုင်ပါ။ လွန်ခဲ့တဲ့တနှစ်တိတိတုံးက ခင်ဗျားရေးခဲ့တာကို ပြန်တင်မယ်ဗျာ။ ကျွန်တော်က ဖတ်နေရင်း အသံတိမ်ဝင်သွားလို့ ဆရာကတော်ကနေ ဆက်ဖတ်ပေးခဲ့ပါတယ်။

ဒီကနေ့ ၂၁-၁-၂ဝ၁၄ ပုလဲရောက်ခဲ့တယ်ဆရာ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ကျွန်တော် အသည်းရောင်လူနာအဖြစ်နဲ့ ဆေးကုသခံခဲ့ဘူးတဲ့နေရာလေးပါဆရာ၊ အဲဒီတုံးက ကျွန်တော်မှတ်မိနေတာ လူနာတွေသိပ်များနေလို့ ထမင်းစားချိန် မရဘူးနဲ့တူပါရဲ့ ဆရာငှက်ပျောသီးတလုံးကို ကမန်းကတန်းစားပြီး ကျွန်တော့်ကို စမ်းသပ်ပေးခဲ့တာလေ။ ခုတော့ ဆရာ့ကို အားကိုးတကြီး ချစ်ခင်လေးစားတဲ့မျက်နှာတွေနဲ့ ကြိတ်ကြိတ်တိုးနေခဲ့တဲ့ အဲဒီနေရာလေးဟာ ပုလဲမြို့ရဲ့ သီးခြား ကမ္ဘာလေးလို ခြောက်ခြားတိတ်ဆိတ်လို့ဆရာ၊ အဲဒီမြင်ကွင်းတခုနဲ့ ပုလဲဟာ အရုပ်ဆိုးအကျဉ်းတန်လှပြီဆရာ။

ဒါပေမယ့် ဆရာ
• သူပုန်ဖြစ်သွားတဲ့ ဆရာဝန်၊
• ဝရမ်းပြေးဖြစ်ရတဲ့ အမတ်
• လွှတ်တော်မရှိတဲ့ ကိုယ်စားလှယ်
• လူနာနဲ့ ဆရာန်မရှိတဲ့ ဆေးခန်း
• နောင်ဥဒါန်းဘယ်ကျေပါ့မလဲ ဆရာရယ်။

ဆရာ ဒေါက်တာတင့်ဆွေနှင့် အန်တီ ဒေါ်မြမြအး သတိရလျှက်
Sein Win

မတူတဲ့ကြိုးများ

• ငါ့အိမ်ခြံက သစ်သားဝင်းထရံ ယိုင်နဲ့ကျိုးပဲ့နေပေမဲ့ ဘယ်သူမှ မဝင်နိုင်ကြတာဟာ ဥပဒေကဲ့သို့ အာဏာတည်သည်ဆိုတဲ့ အမိန့်ဆိုးကြောင့်။
• ငါအသက်နဲ့ ငါ့နိုင်ငံရေးကို လုံခြုံမှုပေးနေဟာ နှစ်ဆန်းတရက်နေ့တိုင်း ခြံတပါတ်ပြည့်အောင် စည်းနှောင်ပေးခဲ့တဲ့ ပရိတ်ကြိုးကြောင့်။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၄
ဓါတ်ပုံ = ၂၁-၁-၂ဝ၁၄ နေ့က ပုလဲမြို့၊ ပါရမီရပ်က အေးဆေးတိုက်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ