Student Union ကျောင်းသားသမဂ္ဂ

မြန်မာပြည်မှာ အမည်ခေါ်တာကို အတော်ကြီး နိုင်ငံရေးလုပ်တဲ့ အစဉ်အလာရှိတယ်။ ဦးနေဝင်းက အာဏာသိမ်းကာစမှာ ဝန်ကြီးတွေကိုတောင်မှ တာဝန်ခံဆိုပြီး လုပ်ခဲ့သေးတယ်။ မကြာပါဘူး၊ ဝန်ကြီးပြန်လုပ်ရတယ်။ အလုပ်သမားနဲ့ တောင်သူလယ်သမား အစည်းအရုံး ဆိုပြီး မြန်မာလိုရော အင်္ဂလိပ်လိုပါ လုပ်ခဲ့ပြန်တယ်။ အခုအစိုးရကလည်း နာမည်သာမတူပေမဲ့ လူတွေကအတူတူမို့ ကျောင်းသားသမဂ္ဂဆိုတဲ့ သမိုင်းဝင်နာမည်ကို ခေါ်ခွင့်မပေးဘူးဆိုပဲ။ ကိုယ့်အဖွဲ့ကိုယ် မှည့်ချင်သလိုမှည့်ပေါ့။ ထိုင်းကိုလည်း ယိုးဒယားလုပ်ထားသေးတယ်။ သူများကိုလိုက် သဝန်တိုနေတာ မကောင်းပါဗျာ။

Students' union ကျောင်းသားများသမဂ္ဂတွေကို တိုင်းပြည်အလိုက် နာမည်အမျိုးမျိုးရှိတယ်။ Student government, Free student union, Student Senate, Students' association, Guild of students, Government of student body စသဖြင့် ရှိပါတယ်။ တရုပ်ပြည်မှာ Student body ကို Pinyin Student union နဲ့ Xuéshēng Hùi = Student association လို့ အဓိပ္ပါယ်ရတယ်။ ဟောင်ကောင်မှာတော့ Students' unions လို့ပဲခေါ်တယ်။ အိန္ဒိယမှာလည်း Studens' unions လို့ပဲခေါ်တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း Student union လို့ခေါ်ပြီး၊ Student activity center ကို ရည်ညွှန်းတယ်။

သမဂ္ဂါနံ တပေါ သုခေါ = ညီညွတ်ကြကုန်သောသူတို့၏လုပ်ငန်းသည် (အောင်မြင်၏) ချမ်းသာ၏ လို့ ဓမ္မပဒမှာပါရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး