Love ချစ်တတ်ကြပါစေ

နောက်လထဲမှာ နေ့ထူးတွေရှိတယ်။ စောသေးပေမဲ့ သတိပေးချင်လို့ လွန်ခဲ့တဲ့ ၂ နှစ်ကရေးထာတာလေးတွေကို ပြန်တင်ပါရစေ။ ဖေဖေါ်ဝါရီလထဲမှာ ချစ်သူများနေ့ကိုသာ သိချင်နေကြတဲ့ခေတ်ဖြစ်နေသလားမသိပါ။ ချစ်သူတွေနဲ့နေပြီး ကလေးတွေရတဲ့အခါ ကလေးများနေ့ဆိုတာလဲရှိတယ်လို့ပါ သိစေချင်တယ်ဗျာ။

(၁) Perception နိုင်ငံရေးမရှိ အသိပညာလဲချိ

• ဒေလီမှာလဲအပြောင်းလဲအတိ၊ နိုင်ငံရေးအသင်းအဖွဲ့ရယ်လို့မရှိ၊
• လွတ်လပ်ရေးနေ့မရှိ၊ ပြည်ထောင်စုနေ့မရှိ၊
• ကလေးတွေတော့ရှိ၊ ကလေးများနေ့မသိ၊
• ချစ်သူများနေ့တော့ အားလုံးသိ။     ။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၃

(၂) Children Day ကလေးများနေ့

• ကလေးဘဝ မေ့ကြတယ်၊ ကလေးဘဝ မေ့မရတာတွေရှိမယ်၊
• စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အရေးမှန်သမျှ ကလေးအတွေးကနေစခဲ့ကြရတယ်၊
• တပည့်မကောင်း ဆရာ၊ သားသမီးမကောင်း မိဘ၊ ကလေးမကောင်း လူငယ်-လူကြီး တာဝန်အသီးသီးရှိကြတယ်။

• ကိုယ့်ကလေး၊ သူများကလေး၊ အတွေးတွေကောင်းစေအောင်ကြံဆောင်ပါ၊
•သနားစရာမပေး၊ စားစရာပေးပါ၊ ကစားစရာပေးပါ၊
• စာတလုံးသင်ပေးပါ၊ အလိမ္မာတခွန်းသင်ပေးပါ၊ နမူနာတစပြပေးပါ။

ကလေးတွေက ခွင့်လွှတ်ကြသူဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး