Election Commission ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းရေး

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ဥပဒေနဲ့မညီတာ၊ တရားမျှတမှုမရှိတာ၊ ဘက်လိုက်မှုရှိတာတွေကို ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်က ဥပဒေပညာရှင် ဦးဋ္ဌေးဦးကနေ RFA မှာ ၂၅-၁-၂ဝ၁၅ ညနေပိုင်းမှာဖြေကြားထား

• ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့သင့်တယ်။
• ရွေးကောက်ပွဲကော်မရှင်ကို ခန့်တော့လည်း သမတ၊ ဖြုတ်တော့လည်း သမတဖြစ်နေတယ်။ ရွေးကောက်ပွဲ အဆုံးအဖြတ်အားလုံးကိုလည်း သူ့လက်ထဲ ထည့်ပေးထားတယ်။
• ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ကြံ့ခိုင်ရေးပါတီ နာဟက၊ စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ဦးပိုင်ဥက္ကဋ္ဌဟောင်း၊ သမတနဲ့ရင်းနှီးသူဖြစ်နေလို့ သမာသမတ်ကျသူ၊ ကြားကျသူမဟုတ်ဘူး။
• လက်ရှိကော်မရှင်ဟာ ၂ဝ၁ဝ အတွက်သာဖွဲ့ထားတာ၊ အသစ်ပြန်မဖွဲ့ရသေးလို့ တရားမဝင်ဘူး။
• လက်ရှိဥပဒေမှာ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခွင့်မရှိ။ သမတတယောက်တည်းသဘောနဲ့ လုပ်ထားတယ်။
• သူဟာ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့အတူ တနိုင်ငံလုံး လှည့်လည်သွားလာနေတယ်။
• သူ့ပါတီကိုတော့ ဘာမှမပြောဘူး။ ဒေါ်စုက Burma လို့သုံးတာကို ထောက်ပြနေတယ်။ NLD ကလုပ်တဲ့ သင်တန်းတွေကို ထောက်ပြနေပြီး၊ သူ့ပါတီကလည်း လုပ်တာကြဘာမှမပြောဘူး။ ၂ဝ၁၂ တုံးကတိုင်သူမရှိလို့ တိုင်ရင်အရေးယူမှာလို့ ပြောတယ်။
• ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ရိုးသားမှုမရှိဘူး၊ မှန်ကန်မှုမရှိဘူး၊ ဥပဒေနဲ့မညီဘူး။ သူနှုတ်ထွက်ပေးဘို့ လက်မှတ်တွေ ကောက်ယူနေတယ်။
• ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ကို သက်ရောက်စေမယ်။ ပြောင်းပြန်ဖြစ်အောင်လည်းလုပ်နိုင်တယ်။
• လက်မှတ်တွေ ချီးမြှင့်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး