Correction အမှားကို အားမပေးစေချင်ပါ

• မနေ့က ကျွန်တော့်ပို့စ်အောက်က ကွန်မင့်ထဲမှာ တရ် လို့ရေးတာဖတ်ရတယ်။ မြန်မာစာမှာ တယ်သာရှိတယ်လို့ ပြန်ရေးလိုက်ပါတယ်။
• ကနေ့တော့ ဆြာလို့ရေးတာဖတ်ရတယ်။ တလေးတစားရေးတာတွေလိှု့ ယူဆပါတယ်။
• ဆြာလို့ ရှေးကရေးခဲ့တယ်။ အထူးသဖြင့် ဗေဒင်ဆရာ၊ သိုက်ဆရာကိုသာရေးပါတယ်။
• ခုတလော လူတွေက ခေတ်ဆန်ချင်တယ်ဆိုပြီး မပီကလာရေးကြတယ်။ သူများနဲ့မတူတာ ရေးကြတယ်။ သတ်ပုံအမှားတွေနဲ့ မြန်မာစာမှာ မရှိတာတွေကို ရေးကြတယ်။
• မြန်မာလိုရေးရင် မြန်မာစာအမှန်အတိုင်းရေးတာကိုသာ အားပေးပါတယ်။
• ကျွန်တော်လဲ တခါတခါ သတ်ပုံမှားတတ်ပါတယ်။ မှားတာသိရင် ပြန်ပြင်ပါတယ်။ ထောက်ပြပေးသူတွေကို ကျေးဇူးတင်ပါတယ်။
• စာမတတ် လမ်းဖတ်ဆိုသလို ဖေ့စ်ဘွတ်မှာ မိတ်ဆွေတိုးစရာ၊ အသိပညာတိုးစရာဖြစ်သင့်ပါတယ်။ အမှားတွေ အားပေးတာ မဖြစ်စေလိုပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး