Children are important ကလေး အရေးကြီးပါတယ်။
ကျွန်တော် ၂၆-၃-၂ဝ၁၄ နေ့မှာ ကလေး အရေးမကြီးဘူးလားဆိုတာ ရေးဘူးပါတယ်။ လူတယောက်က “ကလေးတွေကို ၄၃၆ ပြင်ဖို့  ထောက်ခံခိုင်းတာအထိ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ လိုဘမပြည့်လို့ လမ်းပေါ်တက်တဲ့အခါတော့ သူတို့လူမမယ်လေးတွေကို အသုံးမချဖို့ အနူးအညွှတ်တောင်းပန်ပါရစေဗျာ” လို့ရေးတာကြောင့်ပါ။
အခုစာရေးနေချိန်မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူပေါင်း ၄ သန်းစုဝေးကြပြီး အကြမ်းဖက်မှုဆန့်ကျင်ရေးမှာ သွေးစည်းညီညွတ်မှုကို ပြသနေကြတယ်။ နိုင်ငံတကာခေါင်းဆောင် ၄၄ ဦးလဲတက်နေကြတယ်။ ပရိသတ်ထဲမှာ ကိုးကွယ်ရာဘာသာစုံပါတယ်၊ အသားအရောင်စုံနဲ့ လူမျိုးစုံပါတယ်။
အမျိုးသမီးတယောက်ကပြောပါတယ်။ “ကျမ ကလေး ၄ ယောက်ကိုခေါ်လာတယ်။ ကျမတို့ရဲ့ ညီညွတ်မှုကို မြင်တွေ့ကြပြီး ဂုဏ်ယူစေချင်လို့ပါ” တဲ့။
http://dts-political-page.blogspot.com/2014/03/blog-post_26.html
ဒေါက်တာတင့်ဆွေ
၁၁-၁-၂ဝ၁၅

Comments
Post a Comment