Common cold prefers cold noses အအေးမမိချင်ရင် နှာခေါင်းမအေးစေနဲ့
အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ အေးတာကိုကြိုက်တယ်လို့ ယူအက်စ် ဆေးသုတေသနတခုက ကနေ့ ထုတ်ဖေါ်လိုက်ပါတယ်။ လူ့ခုခံအားဟာ ရာသီဥတုအေးနေချိန်မှာ အားနည်းတယ်။ အဲဒီအချိန်မှာ ဗိုင်းရပ်စ်တွေ ပိုပြီး ပွါးများကြတယ်။ ဒါကြောင့် အအေးမမိအောင် နှာခေါင်းနေရာနဲ့ ဝန်းကျင်ကလေကို နွေးထွေးအောင်ထားဘို့ အကြံပေးလိုက်ပါတယ်။
ဒီတွေ့ရှိချက်ကို Proceedings of the National Academy of Sciences မှာရေးလိုက်တာဖြစ်ပါတယ်။ အအေးမိစေတဲ့ တရားခံဟာ Rhinoviruses ရိုင်နိုဗိုင်းရပ်စ်တွေဖြစ်တယ်။ ယေးလ်တက္ကသိုလ် သုတေသနအဖွဲ့ကနေ နှာခေါင်းအပူချိန် ပုံမှန် ၃၇ ဒီဂရီနဲ့ ၃၃ ဒီဂရီ ဆဲလ်စီးယပ်စ်မှာထားပြီး ဒီပိုးတွေကို စမ်းသပ်ခဲ့ပါတယ်။ ပြီးတော့ ဆင်ဆာ ကိရိယာတွေသုံးပြီး ပိုးဝင်တာနဲ့ ဓါတုပစ္စည်းတွေကို လေ့လာတယ်။ အအေးမိတာမှာ ဒီအချက်အပြင် လူရဲ့ အပြုအမူကနေလဲ သက်ရောက်သေးတယ်။ နွေမှာနဲ့ ဆောင်းမှာ နေထိုင်ဝတ်စားကြရတာမတူပါ။
ဒီသဘာဝကြောင့် အအေးမိတဲ့ဗိုင်းရပ်စ်ဟာ အေးတဲ့နှာခေါင်းမျာသာရောဂါရစေပြီး ပူနွေးတဲ့အဆုပ်မှာ ရောဂါမဖြစ်စေတာကို ပိုပြီးနားလည်လာရပါတယ်။
ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၅

.jpg)
Comments
Post a Comment