Sayawun အစားစား ခြားနားကြသောဆရာဝန်များ

• ဆရာဝန်ဖြစ်ပြီး ဆေးကုတာနဲ့မဆိုင်တာတွေလုပ်ကြသူ အမျိုးမျိုးနဲ့ အစားစား များလှတယ်။ ကျွန်တော်လဲ တမျိုးပေါ့။
• ဖေ့စ်ဘွတ်မှာ ဘာလဲတော့ဖတ်တောင်မကြည့်ချင်လို့ သိပ်တော့ မသိဘူး။ ဆရာဝန်ဖြစ်မှာပါ။ လူပုံအလယ်မှာ ဆေးခန်း-ဆေးရုံလိုနေရာမဟုတ်ပဲ နားကြပ်ကိုပခုံးပေါ်မှာတင်ထားတဲ့ဓါတ်ပုံတွေ့လိုက်တယ်။
• သူငယ်ချင်းဆရာဝန်တယောက်ကတော့ မကြာသေးခင်က မြန်မာပြည်ကိုအလည်ပြန်ပြီး သူတွေ့ခဲ့ လုပ်ခဲ့တာတွေ ပြန်တင်ပေးနေတယ်။ သူက ဂီတသမားမှန်းသိလို့ ဂီတလောကကလူတွေနဲ့ပုံတွေတော့ နားလည်ပါတယ်။ ဒါ့ပြင် ရှေးဟောင်းလက်ရာတွေ၊ သမိုင်းထဲက စေတီပုထိုး၊ အိုးခွက်တွေလဲပါသေးတယ်။
• ဒါနဲ့ သူငယ်ချင်းရေ ငါလဲကွာ ခေတ်သမိုင်းမှာ မြေမြှုပ်လို့မရသေးတာကို မြှုပ်ပစ်နိုင်အောင်လုပ်နေပါတယ်လို့ ရေးလိုက်ပါတယ်။ တချို့ဟာတွေကကွာ မြေထဲမရောက်သေးပဲ အခုကတည်းက ပေါက်ပြဲကျိုးပဲ့ကုန်ပြီကွ။

Photo by Yangyiaung Win-Taung Da Gar

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ