Postinor အရေးပေါ်တားဆေး

ကျွန်မနဲ့ ကျွန်ချစ်သူ မနေ့ညက အကာအကွယ်မပါဘဲနေမိပါတယ်။ အရေးပေါ်တားဆေး Postior က ပထမတစ်လုံးကို ည ၁ နာရီမှာ သောက်လိုက်ပါတယ်။ နောက်တစ်လုံးကို ၁၂ နာရီခြားသောက်ရမည်ကို အချိန်မှား တွက်မိပါ၍ ညနေ ၇ နာရီမှ သောက်မိပါတယ်။ စုစုပေါင်း ဆေးတစ်လုံးနှင့်တစ်လုံး ၁၇ နာရီခြားပီမှ သောက်မိပါတယ်။ ဘယ်လိုလုပ်မလဲရှင့်။ ဆေးနောက်ထပ်သောက်ရမလားရှင့်။ ကိုယ်ဝန်ကောရှိနိုင်သလားရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။

Postinor, Postinor-2, Postinor Duo စတဲ့နာမည်တွေနဲ့လာတ.် အရေးပေါ်ကိုယ်ဝတားဆေးဖြစ်တယ်။ အကာအကွယ် မသုံးပဲ အတူနေပြီး ၇၂ နာရီအတွင်းမှာ ဆေး ၂ လုံးသောက်ရမယ်။ ၁၂ဝ နာရီအတွင်း သောက်တာလဲ % အတော်များများ ကာကွယ်နိုင်တယ်။ ၂ လုံးတွဲဆေးကို တကြိမ်တည်း ၂ လုံးတပြိုင်တည်းသောက်တာလဲရတယ်။

ဆေး ၂ လုံးထဲမှာ levonorgestrel 1.5 mg ပါတယ်။ Postinor 1 နဲ့ Postinor2 Unidosis ထဲမှာတော့ ဆေး ၁ လုံးထဲမှာ levonorgestrel 1.5 mg ပါတယ်။

အရေးပေါ်တားဆေးများ
• ella ၁ ပြားတည်း၊
• Plan B One-Step ၁ ပြားတည်း၊
• Next Choice One Dose ၁ ပြားတည်း၊
• AfterPill ၁ ပြားတည်း၊
• My Way ၁ ပြားတည်း၊
• Levonorgestrel Tablets ၂ ပြား။

Combined progestin and estrogen pills ပုံမှန်ကိုယ်ဝန်တားဆေးတွေကို အရေးပေါ်အဖြစ်သုံးနည်း
• Altavera  Sandoz ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Amethia  Watson ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Amethia Lo ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Amethyst ၆ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Aviane ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Camrese ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• CamreseLo ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Cryselle ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Enpresse ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Introvale ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Jolessa ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Lessina ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Levora ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Lo/Ovral ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• LoSeasonique ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Low-Ogestrel ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Lutera ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Lybrel ၆ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Nordette ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Ogestrel ၂ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Portia ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Quasense ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Seasonale ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Seasonique ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Sronyx ၅ ပြားစီ ၁၂ နာရီခြာသောက်ပါ။
• Trivora ၄ ပြားစီ ၁၂ နာရီခြာသောက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး