RFA ကျောင်းသားအရေး ဆွေးနွေးခန်း (၂၅-၁-၂ဝ၁၅) ကောက်နုတ်ချက်

• ကျောင်းသားတွေသာမက အလုပ်သမားတွေ၊ တောင်သူတွေပါ ဆန္ဒပြနေကြတယ်။ အဲတာ လုပ်သင့်လို့၊ လိုအပ်လို့နဲ့ အခြေခံဥပဒေကလည်း ခွင့်ပေးထားလို့ပါ။ ကျောင်းသားအရေးမှာ ကျောင်းသားကပြောတာ တရားတယ်။
• သူတို့တောင်းဆိုကြတာက ပညာရေးကောင်းစေချင်လို့ဖြစ်တယ်။ အစိုးရထွက်ပေးပါလို့ ပြောနေတာမဟုတ်ပါ။
• နယ်စပ်ရေးရာဝန်ကြီးက နယ်စပ်အရေးမဟုတ်တာမှာ ဘာလို့ပါလာသလဲ မသိဘူး။
• ကျောင်းသားတွေအတွက် စိုးရိမ်တယ်။ ခရီးကရှည်သေးတယ်။ ရန်ကုန်ရောက်တာတောင်မှ ပညာရေး၊ ကျောင်းသားအရေးက ပြီးမှာမဟုတ်သေးဘူး။
• ၁၉၈၈ ကတည်းက အခုထိ အစိုးရမကြိုက်တဲ့ လူစုလူဝေးတိုင်းကို နည်းမျိုးစုံနဲ့နှိမ်နင်းဖြိုခွဲခဲ့တယ်။ သည်အစိုးရပါပဲ။ ၂ဝဝ၃ မေ ၃ဝ ရက် ဒီပဲယင်းမှာ လူအုပ်နဲ့ သတ်ဖြတ်ရိုက်နှက်တယ်။ သည့်အရင်က ဒေါ်စုနဲ့ ဦးတင်ဦးကား၊ သည့်နောက် မစုစုနွေးတို့ကို စွမ်းအားရှင်ဆိုသူတွေကို ဖြိုခွင်းခိုင်းတယ်။ အခုအစိုးရလည်း သည်လူတွေပဲ။ သူတို့က လက်နယ်မျိုးစုံ၊ နည်းမျိုးစုံ၊ လူမျိုးစုံ (ထောင်သား၊ စွမ်းအားရှင်၊ လုံထိန်း၊ ရဲသား၊ စစ်သား) သုံးတယ်။ လက်နက်အပြင်၊ သင်တန်းတွေပေး၊ အရက်ပေး၊ ဆေးဝါးပေး၊ ငွေတွေပေးပြီးလုပ်တယ်။ အခုကျောင်းသားတွေကို အဲလိုဖြိုခွင်းမှာကို အင်မတန်စိုးရိမ်တယ်။
• ကျောင်းသားဆိုတာ အရွယ်ငယ်ကြတယ်။ သမတကြီးတို့ ကာချုပ်ကြီးတိုလည်း ငယ်ရာကကြီးလာကြတာပဲ။ လူငယ်ဆိုတာ စိတ်တက်ကြွတယ်။ အဲတာကို နားလည်ပြီး၊ စာနာစိတ်နဲ့သာ ဆက်ဆံသင့်တယ်။
• ကျောင်းသားတွေက ပညာရေးအတွက် စကားပြောဘို့တောင်းတာ။ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုဆိုပြီး အစိုးရကနေပြောလာနေတယ်။ ဒါပေမဲ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးက ဟိုလိနုသည်လိုလိုနဲ့ လွှဲချနေကြတယ်။ ဒါကြောင့် ကျောင်းသားတွေနဲ့ အရင်တွေ့ဆုံဆွေးနွေးတာနဲ့စပြီး၊ မယဉ်ကျေးမှုကြီးကို ပြင်လိုက်ရင် ကနေ့ နိုင်ငံရေးလမ်းကြောင်း ကောက်သလို ပျောက်သလိုဖြစ်တောပါ တည့်လာနိုင်တယ်။
• စာမတတ်သူတွေများမှ အမုပ်ချုပ်ရတာလွယ်တယ်ဆိုနဲ့ နည်းနာကို ၁၉၆၂ ကည်းကကနေ့အထိသုံးနေတုံးပဲ။
• ကနေ့လူထုဟာ စာတတ်တာနည်းချင်နည်းမယ်၊ မှန်တာကိုသိကြတယ်။ တိုင်းရင်းသားတွေ ဗမာစာ မတတ်ချင်နေမယ်၊ စိတ်ရင်းစေတနာ မှန်ကြတယ်။
• လူထုကရော အစိုးရကပါ မိဘလိုသဘောထားပြီး၊ ကူညီသင့်ကြတယ်။ ထမင်းကျွေးတာ။ အိပ်စရာပေးတာ တင်မကဘူး၊ မဖြစ်သင့်တာမဖြစ်ရအောင် စောင့်ရှောက်မှုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
• ကျွန်တော်နေတဲ့အရပ်မှာ ကျောင်းသားမိဘတွေပါ ကလေးတွေပညာရေးမှာ ဝင်ပါဘို့ဖိတ်တယ်။ မြန်မာပြည်မှာက ကျောင်းသားအရေး ကျောင်းသားမပါရဖြစ်နေတယ်။
• ကျောင်းသားမိဘတဦးက သူ့သမီး စစ်ကိုင်းတိုင်းဘေးက တိုင်းနဲ့ ပြည်နယ်တွေနာမည်မပြောတတ်တာ၊ သီပေါမင်းနာမည်ကို ရုပ်ရှင်ကြည့်လို့သာသိတာ စသဖြင့်ရေးတယ်။ ကျောင်းသားအရေးကို ကျောင်းသားတွေ သာမက ကျောင်းသားမိဘတွေကပါ ကောင်းစေချင်ကြတယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုနဲ့အတူ ကျောင်းသားမိဘ လှုပ်ရှားမှုတွေပါ ဖြစ်လာသင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ