Million-dollar Question သမ္မတကနေ ပြည်ထောင်စုလွှတ်တော်ကို မေခွန်းထုတ်လိုက်ခြင်း

• ၆ ပွင့်ဆိုင်ဆွေးနွေးဖို့တောင်းဆိုတာဟာ ဘယ်လောက် အားလုံးကို ကိုယ်စားပြုသလဲ၊
• ဘယ်လိုမူတွေနဲ့ ဆွေးနွေးသင့်သလဲ၊
• အခြေခံဥပဒေပြင်ဆင်ရေးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊
• ဒါကိုကျော်လွန်ပြီး ဆောင်ရွက်ခဲ့ရင် တရားဥပဒေစိုးမိုးရေးကို ကျော်လွန်ရာရောက်နိုင်ကြောင်း၊

သုံးသပ်ချက်
• လက်ရှိပြည်ထောင်စုလွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့ လူဦးရေဘယ်လောက်ကို အစစ်အမှန် ကိုယ်စားပြုသလဲ။ သမ္မတကရော မြန်မာနိုင်ငံရဲ့ လူဦးရေဘယ်လောက်ကို အစစ်အမှန်ကိုယ်စားပြုသလဲ။
• လူသတ်တာတွေကို လူသတ်မှုလို့တရားမစွဲနိုင်တဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ရှိနေပါလား။
• ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်က နည်းနည်းပါးပါး ပြင်ဖို့ဆုံးဖြတ်တာတောင်မှ သမ္မတက မကြိုက်ရင် ငြင်းဆိုမဲ့သဘောဖြစ်နေတယ်။
• ဒါတောင် ကာချုပ်က ဘာမှထပ်မပြောသေးဘူး။ ကာချုပ်ကို လူထုကိုယ်စား ဘယ်သူတွေကမှ တင်ပြခွင့်မရှိဘူး။ ကာချုပ်ဟာ ကျည်လွတ် (လူလွတ်၊ လူထုလွတ်) နယ်မြေမှာနေတယ်။
• လွှတ်တော်ကလဲ လူများစုကို တကယ်တန်းကိုယ်စားမပြုဘူး၊ လွှတ်တော်အထက်မှာ သမတနဲ့ ကာချုပ်တို့ ရှိနေကြတယ်။
• ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အကျဉ်းထောင်အုတ်တံတိုင်းနဲ့ တူနေတယ်။ ထောင်ပိုင်ကြီးတွေရှိတယ်။ လွှတ်တော်ကလဲ ထောင်ထဲမှာ နေသာထိုင်သာရှိရေးလောက်သာ ပြင်ပေးနိုင်လိမ့်မယ်။ ထောင်ထဲမှာ အကျဉ်းချခံထားသူတွေက လွတ်ကြအုံးမှာမဟုတ်ဘူး။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး