Primolut N အမျိုးသမီးသုံးဆေး

(၁) ကျွန်မ အသက် ၃၁ နှစ်ကျော်ပါပြီရှင့်။ကျွန်မ အိမ်ထောင်ကျတာ ခြောက်နှစ်ရှိပါပြီ။ ကလေးမရှိသေးပါဘူးရှင့်။ ရန်ကုန်ကပါရှင့်။  အခု ကျွန်မဖြစ်နေတဲ့ရောဂါက period အရမ်းများများလာနေလို့ တွဲဖက် ပါမောက္ခ ဒေါက်တာ့ နဲ့ ပြခဲ့ပါတယန်ရှင့်။ သူက Ultrasound ရိုက်တော့ သားအိမ်အတွင်းနံရံမှာ 5.2 x 4.6 cm နှင့် 5 x 4.7 cm ရှိတဲ့ အလုံးနှစ်လုံးတွေ့တယ်လို့ ပြောပါတယ်။ သေးလို့ ခွဲထုတ်လို့လဲ မရဘူးတဲ့ဆရာ။ အဆိုးဆုံးကတော့ ကလေးလဲယူလို့ မရပါဘူးတဲ့။ ကျွန်မတို့ ကလေးတစ်ယောက်မှ မရသေးပါဘူးဆရာ။ ကလေးတစ်ယောက်လောက် လိုချင်ပါတယ် ဆရာ။ ကျေးဇူးပြုပြီး ဆရာ့မှာ နည်းလမ်းကောင်းလေးရှိရင် ညွှန်ကြားပြသပေးပါရှင့်။ တားဆေးမသောက်တာ ငါးနှစ်ရှိပါပြီရှင့်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတော့ ကိုယ်ဝန် တစ်လ ရှိခဲ့ဘူးပါတယ်ရှင့်။ ငရုပ်သီးတွေ အရမ်းအများကြီးစားဖူးလို့ လေထိုးလေအောင့် ဖြစ်ပြီး ပျက်ကျသွားပါတယ်ဆရာ။ အခု ကျွန်မကို ၁၂ နာရီခြား Primolut N ကို ၁၂ နာရီခြားတစ်ခါ သောက်ခိုင်းနေပါတယ်ဆရာ။ ကျွန်မ ကိုယ်ဝန်ဆောင်ပီး ကလေးမွေးဖွားလို့ ရနိုင်ပါသေးလားရှင့်
(၂) ကျမ အသက်က ၃၂ ပါ။ အမျိုးသား အသက်က ၂၆ ပါ။ ၁ လခွဲ အထိ ရာသီမလာလို့ ကိုယ်ဝန်စစ်ကြည့်တော့လည်း မဟုတ်လို့ ဆရာဝန် ပြကြည့်တော့ Primolut N ကို မနက်တစ်လုံး ညတစ်လုံးနဲ့ ၁ဝ ရက် သောက်ခိုင်းပါတယ်။ ၁ဝ ရက် မပြည့်ခင်မှာတင် ၃-၄ ရက်လောက် ရာသီ ကောင်းကောင်း လာပါတယ်။ အခုတော့ ရာသီလည်း ရပ်သွားပါပြီ။ ကလေး ယူလို့ ရနိုင်ပါပြီလားလို့ သိချင်တာပါ။ မျိုးဥထွက်စေတဲ့ ဆေးမျိုးတွေကော သောက်ဖို့ လိုပါသေးလားရှင်။

Primolut N (Generic Norethisterone) ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းတမျိုးတည်း ပါတယ်။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pituitary ကနေ ထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Mini-pill ကိုယ်ဝန်တားဆေး ခေါ်တယ်။ ဒီဆေး စွဲသောက်နေသူ တဝက်မှာ ရာသီလာပေမဲ့ မျိုးဥ မထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။

ဒီရောဂါတွေအတွက် ပေးတယ် -
1. Dysfunctional uterine bleeding ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်မယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။
2. Primary and secondary amenorrhoea မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန် မဟုတ်ဘဲ ရာသီ ထိန်နေသူတွေကို Prolactin-producing pituitary tumour ရောဂါမရှိတာ သေခြာအောင် အရင်လုပ်ရမယ်။
• ပဌမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံးထိုးတယ်။
• ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုးမယ်။
• ရာသီစဆင်းတဲ့နေ့နောက် ၁၉-၂၆ ရက်အတွင်းတွေမှာ Primolut N ဆေးပြားကို တနေ့ ၂-၃ ကြိမ်ပေးမယ်။
• ၂၈ ရက်မှာ သွေးဆင်းမယ်။
• နောက်ထပ် အဲလို ၂-၃ ပါတ် ဆက်ပေးတယ်။ ရာသီစဆင်းတဲ့နေ့နောက် ၆ ရက်မြောက်နဲ့ ၁၆ ရက်မြောက် နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်၊ ၁၉ ရက်နဲ့ ၂၆ ရက်မြောက်နေ့တွေမှာ Primolut N ဆေးပြားကို တနေ့ ၂ ကြိမ်၊ ပေးမယ်။
• ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့တွေအတွင်း Primolut N ဆေးကို တနေ့ ၂ ကြိမ်ပေးပြီးလဲ စမ်းနိုင်ပါတယ်။
3. Premenstrual syndrome ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း၊ စတာတွေ သက်သာစေဘို့ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း Primolut N ဆေးကို တနေ့ ၂-၃ ကြိမ် ပေးတယ်။
4. Timing of menstruation ရာသီလာရက်သတ်မှတ်ခြင်း၊ Progestogen-Estrogen ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ-၁၄ ရက် သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေးဆင်းပါမယ်။
5. Endometriosis သားအိမ်ရောဂါတမျိုး၊ ရာသီလတခုရဲ့ ၅ ရက်မြောက်နေ့မှာ Primolut N ဆေး တနေ့ ၂ ကြိမ် သောက်ပါ၊ သွေးတစက်စက်စလာရင် ၂ ပြား၊ ၂ ကြိမ် တိုးသောက်ပါ။ သွေးရပ်သွားရင် ဆေးပြန်လျှော့ပါ။ ၄-၆ လ ကြာ သောက်ရမယ်။ ဆေးကုသနေတုံးမှာ မျိုးဥလဲမထွက်ဘူး၊ ရာသီလဲမဆင်းဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။

ဒီရောဂါတွေအတွက် မပေးရဘူး -
1. Pregnancy ကိုယ်ဝန် ရှိနေရင်၊
2. Lactation နို့တိုက်နေရင်၊
3. Thromboembolic သွေးခဲရောဂါ ရှိရင်၊
4. Diabetes mellitus ဆီးချိုရှိရင်၊
5. Severe hepatic disease အသဲမကောင်းရင်၊
6. Liver tumours အသဲကင်ဆာ ရှိရင်၊
7. Sex hormone-dependent malignancies တခြား လိင်ဟော်မုန်းနဲ့ဆိုင်တဲ့ ကင်ဆာ ရှိရင်၊

Side effects ဘေးထွက်ဆိုးကျိုးတွေ -
Visual disturbances မျက်စိကြည့်မကောင်း၊ Nausea ပျို့ချင်၊ Headache ခေါင်းကိုက်၊ Oedema ကိုယ်ရောင်၊ Migraine မိုင်ဂရင်း အမူးရောဂါ၊ Dyspnoea အသက်ရှူခက်၊ Rash, Urticaria အရေပြားအနီပြင်ထွက်၊ Change in sex drive လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ Weight gain လူဝလာတတ်တယ်၊ Hair loss ဆံပင်ကျွတ်တတ်တယ်၊ ဒါမှမဟုတ် Excessive hair growth အမွှေးထူတတ်တယ်၊ Sleepiness အိပ်ချင်တယ်၊ ဒါမှမဟုတ် Difficulty sleeping အအိပ်ခက်တယ်။

Special precautions အထူးသတိထားစရာတွေ -
Diabetes mellitus ဆီးချိုရှိနေသူများ၊ Psychic depression စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ဆေးတွေနဲ့တွဲပေးတာ သတိထားရမယ်။

DUB အခါမဟုတ် ရာသီဆင်းခြင်း http://doctortintswe.blogspot.com/2014/11/dub.html
Noristerat ကိုယ်ဝန်တား ထိုးဆေး တမျိုး  http://doctortintswe.blogspot.com/2014/11/noristerat.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး