Record Pegida rally in Dresden sparks mass rival protests

• ဂျာမဏီမှာ အစ္စလမ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီးတွေဖြစ်နေပါတယ်။
• ပြင်သစ်နိုင်ငံမြို့တော်မှာ မွတ်ဆလင် အစွန်းရောက်တွေကနေ Charlie Hebdo မဂ္ဂဇင်းကအနုပညာရှင် ၁၂ ဦးကို အကြမ်းဖက် သတ်ဖြတ်ပြီးတဲ့နောက်မှာ ဖြစ်လာတာဖြစ်တယ်။ ကနေ့ Dresden ဒရက်စဒန်မှာ စုစုပေါင်း လူ ၂၅ဝဝဝ တက်ရောက်ကြတယ်။ Pegida rally လို့ခေါ်တယ်။
• ဆန္ဒပြသူတွေကနိုင်ငံရေးသမားတွေ ဘေးဖယ်နေကြဘို့လဲပြောလိုက်တယ်။ ဂျာမဏီတနံတလျှားမှာ အဲလို ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။
• ဂျာမဏီခေါင်းဆောင် Chancellor Angela Merkel အင်ဂလာ မတ်ကေး ကတော့ အင်္ဂါနေ့ ဘာလင်မှာလုပ်မဲ့ မွတ်ဆလင်တွေရဲ့ ပွဲကိုဆက်မယ်လို့ပြောလိုက်တာမို့ ကနေ့ဆန္ဒပြသူတွေက အင်ဂလာ မတ်ကေးကို မွတ်ဆလင် ခေါင်းစည်းပုံနဲ့ ပလကပ်တွေကိုကိုင်ဆောင်ထားကြတယ်။
• ပြီးခဲ့တဲ့အပါတ်ကလဲ Pegida - Patriotic Europeans မှာ လူပေါင်း ၁၈ဝဝဝ တက်ရောက်တဲ့ပွဲတခု စီစဉ်ခဲ့ကြသေးတယ်။ တနင်္လာနေ့က Dresden မှာ လူပေါင်း ၇ဝဝဝ၊ Leipzig မှာ ၃ဝဝဝဝ နဲ့ Munich မှာ ၂ဝဝဝဝ နဲ့ Hanover မှာ လူပေါင်း ၁၉ဝဝဝ တက်ရောက်ကြပါတယ်။
• ဂျာမဏီဟာ ခရစ်ယန်ဘာသာကို အများဆုံးကိုးကွယ်ကြပေမဲ့ ဒီအစ္စလမ်ဆန့်ကျင်ရေးမှာ ခရစ်ယန်ဘာသာရေး ခေါင်းဆောင်တွေ မပါဝင်ကြတာတွေ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး