Yaw ပုလဲ-ပုံညာ လွမ်းတယ်ဗျာ

• ပုံညာတောင်ထိပ် အတိတ်ကာလ၊ ခဏခဏရောက်၊
• ပုလဲအနောက်က ပုံညာတကြော ယော၊ ကျော၊ ဂန့်ဂေါ၊
• သဘောကောင်းကြ ရုပ်ရည်လှကြ၊ မေ့မရပါ။

• ရေကောင်းမြေကောင်း၊ ပြောင်ဖူးကောင်း၊ ပဲကောင်း၊
• ဆောင်းမီးကားဆိုတဲ့စကား ခုထိနားထဲကြား၊
• စကားဝဲဝဲ အသားမဲသူမရှိ၊
• သိသူ-မသိသူ၊ ဆေးလာကုဘူးသူ၊
• NLD ကိုမဲပေးသူ၊ ဘယ်သူဖြစ်ဖြစ်၊
• အနှစ်နှစ်ဆယ်ကျော်ကြာ မမေ့ပါ၊
• ပုံညာထိပ်ရေအိုးစဉ်မှာ၊ တခါတော့ လာချင်သေး၊
• ထမင်း (အမှင်း၊ ထမန်း) ကျွေးမယ်မဟုတ်လားဗျာ။     ။

(ဆောင်းမီးကား = အအေးမိနှာစေး)
ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး