Police အမေရိကန်ရဲ၊ မြန်မာရဲ၊ ပြင်သစ်ရဲ
• ပြီးခဲ့တဲ့ ဒီဇင်္ဘာနောက်ဆုံးပါတ်ထဲမှာ အမေရိကန်ပြည်ထောင်စု မစ်ဆူရီ၊ ဖါဂူဆန်မှာ လူဖြူရဲတယောက်ကနေ လူမဲတယောက်ကို ပြစ်သတ်လို့ ဆန္ဒပြမှုတွေ စဉ်တိုက်ဆက်တိုက်ဖြစ်ခဲ့တယ်။ သမတအိုဘားမားက အဲဒီဖြစ်ရပ်ကို ရှုံ့ချလိုက်တယ်။
• ဇန္နဝါရီ ၅ ရက်နေ့မှာ ပစ်သတ်ခံရတဲ့ရဲအရာရှိနှစ်ဦးအရေးမှာ မလျှော်တဲ့မှတ်ချက်ပေးလို့ နယူးယောက် မြို့တော်ဝန်ကို မကျေနပ်ကြလို့ သူမိန့်ခွန်းပြောနေချိန်မှာ ရဲတွေအားလုံးက နောက်ကျောပေးပြီးဆန္ဒပြခဲ့ကြတယ်။
• ပြီးခဲ့တဲ့ ဒီဇင်္ဘာ ၂၂ ရက်နေ့မှာ လက်နက်မဲ့ဆန္ဒပြသူတွေထဲက အမျိုးသမီးတယောက်ကို မြန်မာရဲကနေ သေနတ်နဲ့ပြစ်သတ်လိုက်လို့ မြန်မာလူထုက ယူကြုံးမရဖြစ်ပြီး မြန်မာအာဏာပိုင်တွေနဲ့ မြန်မာရဲတပ်ဖွဲ့ကို အပြစ်တင်နေကြတယ်။ မြန်မာသမတက ဘာမှမပြောပါ။
• ၉-၁-၂ဝ၁၅ နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ သေနတ်ကိုင် မွတ်ဆလင်အစွန်းယောက် ၃ ယောက်ကနေ လူ ၁၂ + ၁ + ၄ ယောက်ကိုသေစေတဲ့ အကြမ်းဖက်မှု ၃ ခုကို အောင်အောင်မြင်မြင် နှိမ်နင်း ဖြိုခွင်းနိုင်လိုက်တဲ့ ပြင်သစ်ရဲတပ်ဖွဲ့ကို ပြင်သစ်သမတနဲ့ ပြည်သူတရပ်လုံးက ချီးကျူးနေကြပါတယ်။
(မှတ်ချက်။ ရေးချင်လွန်းလို့ မျက်စိမကောင်းသေးပဲ ကြိုးစားရေးပါတယ်။ တခြားစာတွေကိုတော့ မဖတ်နိုင်သေးပါ။)
ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၅

Comments
Post a Comment