Achilles' heel အားနာရင် အားပါတတ်တယ်
• ကျွန်တော့အားနည်းချက်တွေထဲက တခုကတော့ အားနာတတ်တာပါ။ မျက်စိမကောင်းသေးလို့ မဖြေပဲထားခဲ့တဲ့ မေးခွန်းမေးသူတွေကို တရက်ပြီးတရက် ပိုပြီးအားနာလာလို့ အခုဖြေလိုက်ပါတယ်။ အတော်တော့များသား။ အရေအတွက် ၃ဝ လောက်တော့ရှိမယ်။ နည်းနည်းကျန်သေးတယ်။ နားချင်လို့ ဆက်မဖြေသေးပါ။
• နိုင်ငံရေးမှာလဲ အဖွဲ့တူအချင်းချင်းကိုအားနာမိလို့ အကြီးအကျယ်ခံခဲ့ရတာ အနည်းဆုံး ၃ ခါရှိတယ်။
• နိုင်ငံရေးမှာ သဘောထားမတူတာအတွက်တော့ ကျွန်တော်က ခေါင်းမာတယ်။ အဲလိုပြောရင် ဒါကြောင့် ရွာ့ပြင်ထုတ်ခံရတာလို့ မှတ်ချက်ပေးကြတယ်။ သူတို့ပြောတာ မမှားပါ။
ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၅

Comments
Post a Comment