Computers judge personality better than friends
ကွန်ပြူတာဟာ ဖရင်းတွေထက် လူကဲခတ်ရာမှာ ပိုသာတယ်။ ဖေ့စ်ဘွတ်မှာ လိုက်ခ်တွေလုပ်တာကို လေ့လာဆန်းစစ်ပြီး လူကဲခတ်ဘို့ အချက် ၅ ချက်ကို တကယ့်လူတွေနဲ့ ကွန်ပြူတာ နှိုင်းယှဉ်ပြီး လေ့လာပါတယ်။ ကင်းဘရစ်ခ်ျ နဲ့ စတန်းဖို့ဒ် တက္ကသိုလ်တွေကနေ သုတေသနတခုလုပ်ခဲ့ပြီး ရလဒ်တွေကို PNAS ဂျာနယ်မှာ ရေးသားလိုက်ပါတယ်။
ဖေ့စ်ဘွတ် ပရိုဖိုင်းလ်မှာ ပျမ်းမျှ လိုက်ခ် ၂၂၇ လုပ်ကြတယ်။ Dr Who ရဲ့ ဖေ့စ်ဘွတ် ဖရင်းတွေက ရှက်တတ်ကြတယ်။ Big Brother ရဲ့ ဖေ့စ်ဘွတ် ဖရင်းတွေက အစဉ်အလာကို လေးစားကြတယ်။ Facebook likes တွေကိုစစ်လိုက်ရင် လုပ်သူတွေရဲ့ လိင်တိမ်းညွတ်မှုနဲ့ နိုင်ငံရေးအယူအဆကို သိနိုင်တယ်။ အဲလိုကွန်ပြူတာကနေ လူကဲခတ်တာနဲ့ တကယ့် လူတွေကနေလူကဲခတ်တာကို နှို်းယှဉ်ကြည့်ပါတယ်။ ဖေ့စ်ဘွတ် သုံးစွဲသူပေါင်း ၇ဝ၅၂ဝ လုပ်ကြတဲ့ လိုက်ခ်တွေကို လေ့လာခဲ့ပါတယ်။
Five core personality traits အဓိက ဘယ်လိုလူစားလဲ အကဲဖြတ်ချက် (၅) ခုကို ဆန်းစစ်ကြပါတယ်။
၁။ Agreeableness မိတ်ဆွေများချင်သူ၊
၂။ Conscientiousness သတ်သတ်မှတ်မှတ်နဲ့ တိကျချင်သူ၊
၃။ Extraversion ဆိုရှယ်ကျပြီး စကားလဲများများပြောချင်သူ၊
၎။ Neuroticism စိတ်ဓါတ်ကျတတ်သူ၊
၅။ Openness ပွင့်လင်းမှုရှိသူ၊
ဖေ့စ်ဘွတ်သုံးစွဲနေသူတွေကို အဲလိုမေးခွန်းတွေဖြည့်စေပြီး သူတို့ရဲ့ ဆွေမျိုးနဲ့ မိတ်သင်္ဂဟတွေကနေ သူတို့အကြောင်းကို အကဲဖြတ်စေပါတယ်။ ဒိနောက်မှာ သုတေသနလုပ်သူတွေက ကွန်ပြူတာက အကဲဖြတ်တာနဲ့ လူတွေက အကဲဖြတ်တာတွေကို နှိုင်းယှဉ်ချက်တွေလုပ်ပါတယ်။
• ဖေ့စ်ဘွတ် လိုက်ခ် (၁ဝ) ခုမှာ ကွန်ပြူတာက လူတွေထက်သာတယ်။
• ဖေ့စ်ဘွတ် လိုက်ခ် (၇ဝ) ခုမှာ ကွန်ပြူတာနဲ့ လူတူတယ်။
• ဖေ့စ်ဘွတ် လိုက်ခ် (၁၅ဝ) ခုမှာ ကွန်ပြူတာထက် မိသားစုဝင် (ဖရင်း မဟုတ်) က သာတယ်။
• ဖေ့စ်ဘွတ် လိုက်ခ် (၃ဝဝ) ခုမှာ ကွန်ပြူတာနဲ့ လူတွေတူတယ်။
အနီးကပ်နေကြသူတွေဟာ လူကဲခတ်တာပိုကောင်းကြတယ်။ ဒါပေမဲ့ ကနေ့ကာလမှာ လူတွေ တယောက်နဲ့တယောက် ကိုယ်တွေ့မျက်မြင် လက်ပွန်းတတီးနေနိုင်ကြာတာ နည်းလာနေကြတယ်။ တယောက်အကြောင်းတယောက် သိတာလဲ နည်းလာကြတယ်။ အွန်လိုင်းမှာနေကြတာ များများ လာနေတယ်။ ဒါကြောင့် ကွန်ပြူတာက လူထက်သာလာတယ်။
ဒါကြောင့် ကြော်ညာကုမ္ပဏီတွေက ကျွန်တော်တို့ရဲ့ digital footprints ဒစ်ဂျစ်တယ်လ် ခြေလက်ဗွေကို သုံးလာနေကြပြီဖြစ်တယ်။ အလုပ်ခန့်မဲ့သူတွေကလဲ မခန့်ခင်မှာ အလုပ်လျှောက်သူတွေကို အဲလိုစစ်ဆေးလာစရာရှိတယ်။ ဒါကြောင့် အွန်လိုင်းတက်နေသူတိုင်း သတိထားဘို့သင့်ပါတယ်။
မှတ်ချက်။ ကျွန်တော့် ဖေ့စ်ဘွတ် လိုက်ခ် လုပ်သူတွေက အရာရာမှာတော်ကြပါတယ်။ သုတေသနမဟုတ်ပေမဲ့ တန်းသိတာပါ။ Smile!
ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၅

Comments
Post a Comment