One-eyed man

• ဘယ်ဖက်မျက်စိကိုခွဲတော့ Instrument malfunction ဖြစ်လို့တဲ့။ ဓါးရာ ၂ ဆ ဖြစ်ရတယ်။ ချုပ်ရတယ်။ ဖေဖေါ်ဝါရီမှာ ချုပ်ရိုးပြန်ဖြည်မယ်တဲ့။ ညာဖက်တုံးကတော့ ချောချောမောမောပဲ။ ဘယ်တတ်နိုင်မလဲ။
• မျက်စိခွဲပြီးကတည်းက စာမဖတ်နိုင်လို့ BBC online TV US edition ကို ဖွင့်ထားတယ်။ နားပဲထောင်နိုင်တာပါ။ BBC, RFA နဲ့ VOA မြန်မာလို မနက်-ည ဖွင့်တယ်။ DVB က ကျွန်တော့်အတွက်တော့ ဖွင့်ရတာအဆင်မပြေလှဘူး။ သတင်းတွေကြားတော့ မနေနိုင်လို့ မျက်လုံးတဖက်တည်းနဲ့ ကောက်ရေးမိတယ်။ ရေးပြီး နားရပြန်ရော။
• မနေ့ညက မေးတဲ့သူတွေကို လက်ရှိအခြေအနေကတော့ ငရမန်ကန်း၊ Moshe Dayan မိုရှေဒါးယန်၊ Pirate of the Caribbean ပင်လယ်ဓါးပြလို့ ကိုယ့်ကိုယ်ကိုရေးခဲ့ပါတယ်။
• အခုတမျိုးတိုးသော် ဖိုးသူတော်ပါဖြစ်ရော။ တောင်ဝှေးဘဝလဲ ၃-၄ ခါ ရောက်ဖူးပါတယ်။
• ကျွန်တော်ကလူပါး၊ ပြုံးမထားနိုင်တဲ့ပုံမျိုးကို Selfie မရိုက်ပါ။

လူနာတင့်ဆွေ
၁၂-၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး