Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမယ်ဖြစ်တဲ့ ကင်ဆာတွေ

ဆရာ မိန်းမကိုယ်ကင်ဆာအကြောင်း ရေးပါလို့တောင်းဆိုပါရစေ။

• Endometrial cancer သားအိမ်-ကင်ဆာက မျိုးပွါးလမ်းဖြစ်တာထဲမှာ အများဆုံးဖြစ်တယ်။ သေဆုံးရမှုမှာ သတ္တမနေရာ လိုက်တယ်။ စောစောသိရင် ကုလို့ ရတာကို ပြနေတာ ဖြစ်တယ်။ အသက် ၆ဝ ကျော်တွေမှာ အဖြစ်များတယ်။ စောသိသူတွေကို ခွဲစိတ်ပြီးနောက် Estrogen replacement ဟော်မုန်း ဆေးပါပေးရင် ပြန်ဖြစ်နှုန်း နည်းတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီနည်းရဲ့ မကောင်း ကျိုးဆက်တွေကို အသေအခြာ လေ့လာရတယ်။ Heart disease နှလုံးရောဂါ၊ Heart attacks နှလုံးသွေးနည်းတာ Stroke လေဖြတ်တာ နဲ့ Breast cancer ရင်သား-ကင်ဆာ ပိုဖြစ်တတ်တယ်။ ဟော်မုန်းဆေးကို နဲနဲလေးနဲ့ ရက်တိုတိုသာ ပေးဘို့ လုပ်လာတယ်။ လူနေမှုအဆင့်အတန်း မြင့်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အမဲ-အမျိုးသမီးတွေဟာ အဖြူတွေနဲ့ အာရှသူတွေထက် ၂ ဆ ပိုဖြစ်တယ်။
• Ovarian cancer မျိုးဥအိမ်-ကင်ဆာက ဒုတိယလိုက်တယ်။ အသက် ၅ဝ ကျော်မှအဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက ဖြစ်တယ်။
• Cervical cancer သားအိမ်ဝ-ကင်ဆာက တတိယလိုက်တယ်။ ကြားရက်သွေးဆင်းတာ နဲ့ တခုခုဆင်းတာတွေမှာ သားအိမ်-ကင်ဆာနဲ့ တူတယ်။ သားအိမ်အဝမှာ ဖြစ်ရင် ယောက်ျားနဲ့ ဆက်ဆံအပြီးမှာလဲ သွေးထွက်လာ တတ်တယ်။ Human papillomavirus (HPV) ပိုးက လိင်လမ်းကနေ ဝင်တယ်။ စောစောသိအောင် Pap smears လုပ်နေသင့်တယ်။
• Vaginal cancer ဗဂျိုင်းနား-ကင်ဆာကလဲ ရှားတယ်။ အသက်ကြီးမှ ဖြစ်တတ်တယ်။ ဘာမှ လက္ခဏာ မရှိတာနဲ့ စတယ်။ ရှိလာရင် နာလာမယ်၊ တခုခုဆင်းမယ်၊ သွေးထွက်မယ်။
• Vulvar cancer အမျိုးသမီး အပြင်အင်္ဂါ (မိန်းမကိုယ်) ကင်ဆာက ရှားတယ်။ ဖြစ်တာလဲ နှေးတယ်။ အသက်ကြီးမှ ဖြစ်တယ်။ အသက်အကြီးဆုံးလို့ ပြောနိုင်တယ်။ ယားမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ပူလောင်နေမယ်၊ တခုခု ဆင်းမယ်။
• တခြား သားအိမ်ရောဂါတွေဖြစ်တဲ့ Fibroid (Myoma)၊ Endometrial hyperplasia နဲ့ Endometriosis တွေက ကင်ဆာ မဟုတ်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး