Insult ဆဲတဲ့ ငစွန်

• မင်းတုန်းမင်းကြီလက်ထက်မှာ အလွန်ကြော်စောထင်ရှားခဲ့တဲ့ ဗန်းမော်ဆရာတော်ဟာ ကိုရင်ဘဝကတည်းက စာစပ် ကဗျာစပ် အလွန်ဝါသနာပါတယ်။
• ကိုရင်လူထွက်ဘဝက တနေ့မှာ ရွာကိုအလည်ပြန်တဲ့အခါ ညောင်ပင်ကြီးတပင်အောက်မှာ သူငယ်ချင်းတွေနဲ့ စုဝေးနေကြပါသတဲ့။
• အဲသည်တုံးမှာ မမင်းမှိန်ဆိုတဲ့ အမျိုးသမီးက လေလည်ပါတယ်။
• ဗန်းမော်ဆရာတော်လောင်းကနေ စာစပ်လိုက်ပါတယ်။
• ရွှေညောင်ပင် သာသည့်ကုန်း စုရုံး၍နေကြရာ၊ မမင်းမှိန်အပျိုကြီးရယ် အီးညှစ်လို့ပါ။
• အဲဒီအခါမှာ အပျိုကြီးရဲ့မောင် ငစွန်ကဒေါသထွက်ပြီး ကိုရင်လူထွက်ကို ဆဲဆိုလိုက်ပါတယ်။
• ဗန်းမော်ဆရာတော်လောင်းက ဆက်ပြီးစာစပ်လိုက်ပါတယ်။
• မလိမ်မာ ဗာလာနာမိုက်ခဲ၊ သူ့အမ စအိုတွန်လို့ မောင်ငစွန် မျက်မာန်ရှတယ်၊ ဒေါသနဲ့ဆဲ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၅

Royal ministers စာချိုး

ကွန်မင့် = ဗန်းမော်ဆရာတော်သာရှိမယ်ဆိုရင် လက်ရှိအစိုးရကျောထောက်နောက်ခံ သာသနာကို ဘယ်လိုစာချိုးမလဲ မသိဘူးနော်။

ဗန်းမော်ဆရာတော်ကတော့ သည်လိုစာဆိုခဲ့ပါတယ်။
• ပုခန်းမှာလေ၊ လောင်ရှည်မှာဓါး၊ ခန်းပတ်မှာနား၊ ရေနံတတိုင်ချင်းရယ်နှင့် လင်းပါ့မလား။

အမတ်လူထွက်ကျွန်တော်မျိုးလည်း စာချိုးပါရစေ။
• ပြန်ကြားရေးလေ၊ ကာချုပ်မှာဓါး၊ သမတမှာနား၊ ဒေါ်စုမှာ တပွင့်တည်းရယ်နှင့် ဆွေးနွေးပါ့မလား။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး