Extreme Cold အလွန်အေးမဲ့ ရာသီဥတုသတိချက်

အင်ဒီယာနာပိုးလစ်မြို့အတွက် -
• Wind Chill Advisory အေးလွန်းတဲ့လေ နှိုးဆောင်ချက် = ယနေ့အင်္ဂါနေ့ည သန်းကောင်ကျော် ၁ နာရီမှ မနက် ၈ နာရီအတွင်း။
• Wind Chill Warning အေးလွန်းတဲ့လေ သတိပေးချက် = ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီမှ ကြာသပတေး မနက် ၁ဝ နာရီအတွင်း။
• Timing အချိန် = ဗုဒ္ဓဟူးနေ့ညသန်းကောင်မှ ကြာသပတေးမနက်အထိ အလွန်အေးတဲ့လေ တိုက်မည်။
• Wind Chill values အလွန်အေးတဲ့လေ ဂဏန်းများ = ဗုဒ္ဓဟူးနေ့ည အနုတ် ၁၅ မှ အနုတ် ၂ဝ ဒီဂရီ (အက်ဖ်) အထိ ကျဆင်းမည်။ ကြာသပတေး မနက်မှာ အနုတ် ၂၅ မှ အနုတ် ၃ဝ ဒီဂရီ (အက်ဖ်) အထိ ကျဆင်းမည်။

• ကြာသပတေးမနက်မှာ ကျွန်တော့်ဘယ်ဖက်မျက်စိ အတွင်းတိမ်ခွဲဘို့ ချိန်းထားပါတယ်။ ခွဲပြီးသား ညာဖက်မျက်စိက အလင်းရောအရောင်တွေပါ အလွန်လင်းထင်းနေပါတယ်။ အဖြူရောင်မှာ ဖြူဖွေးပြာလဲ့၊ အပြာရောင်က ဖိတ်ဖိတ်တောက်၊ အဝါရောင်က ဝင်းဝင်တောက်မြင်နေရပါတယ်။ လောကကြီးတခုလုံး အရောင်တွေစုံပြီး၊ တောက်ပနေပါတယ်။ နေ့လည်က နှင်းပြင်အဖြူကို ကြည့်နိုင်ဘို့ရာ နေကာမျက်မှန် တပ်လိုက်ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး