Twelve ၁၂ ဂဏန်းတာစာတဲ့နှစ်
• အနောက်တိုင်း၊ တရုပ်နဲ့ မြန်မာမှာ ၁၂ ရာသီခွင် အတူတူရှိကြပါတယ်။ ပြက္ခဒိန်တနှစ်မှာ ၁၂ လရှိတယ်။ ခရစ်ယန်၊ ဂျူး၊ ဟင်ဒူ၊ အစ္စလမ်ဘာသာတရားတွေမှာ ၁၂ ဂဏန်းဟာ အထူးဖြစ်တယ်။ ဂဏန်းသင်္ချာမှာ ၁၂ ခု = dozen တဒါဇင်၊ ၁၂ ဒါဇင် = ၁ gross ဂရွတ်လို့သတ်မှတ်တယ်။
• ၁၂ ပွင့်ဆိုင်လို့ပြောနိုင်တဲ့ တွေ့ဆုံပွဲတော်ကြီးကို ၁၂-၁-၂ဝ၁၅ နေ့မှာ ဒုတိယအကြိမ်အဖြစ် ဖိတ်ကြားထားသူတွေ များများစားစားနဲ့ ကျင်းပပါလိမ့်မယ်။
• လာမဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်ရှိအစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ သမ္မတကပြောထားပါတယ်။
• ကနေ့ ဟောလိဝုဒ်မှာ Golden Globes 2015 ရွှေကမ္ဘာလုံးများ ရုပ်ရှင်ထူးချွန်ဆုတွေပေးတဲ့ပွဲမှာ အောင်မြင်မှု အများဆုံး ဆွတ်ခူးလိုက်တဲ့ Boyhood ရုပ်ရှင်ဟာ ရိုက်ကူးခဲ့ရတာ ၁၂ နှစ်ကြာပါသတဲ့။
ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၅
ဓါတ်ပုံ = Twelve မူးယစ်ဆေးဝါး ရာဇဝတ်မှုရုပ်ရှင်

.jpg)
Comments
Post a Comment