Renowned leaders in the school syllabus

ထင်ရှားကျော်ကြားသော ခေါင်းဆောင်များအကြောင်း သင်ပေးမည်

သတင်း = ထိုင်းနိုင်ငံရဲ့ မူလတန်းအဆင့်စာသင်ကျောင်းများမှာ ထင်ရှားကျော်ကြားသော ခေါင်းဆောင်များအကြောင်း သင်ရိုးတွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို သင်ကြားရန် ပြဋ္ဌာန်းလိုက်ပြီ

သုံးသပ်ချက် = ဗမာပြည်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim ကင်မ် အကြောင်းကိုသင်ပေးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ -

(၁) 20-1-2004 Burma going nuclear with the help of Russia and North Korea
၂ဝ-၁-၂ဝဝ၄ မြန်မာဟာ ရုရှားနဲ့ မြောက်ကိုရီးယားအကူအညီနဲ့ နူကလီယာတည်ဆောက်မယ်။
၂၇-၈-၂ဝဝ၄ ဒုဗိုလ်ချုပ်မှူးကြီးရွှေမန်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ နှစ်နိုင်ငံသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး

(၂) 5-12-2014 - Kim Jong Il's Feats Praised by Personages of Indonesia, Myanmar
၅-၁၂-၂ဝ၁၄ မြောက်ကိုရီးယားခေါင်းဆောင် ကွယ်လွန်သူ (ကင်မ် ဂျုံ အီးလ်) ကို အင်ဒိုနီးရှားနဲ့ မြန်မာတို့ကနေ ချီးမြှောက်ပြောကြားလိုက်။ မြန်မာဆေးသုနေသနအင်စတီကျု ဒါရိုက်တာ ဒေါက်တာတင်ထွန်းက (ကင်မ်) ဟာ အတွေးအခေါ်ပညာရှင်နဲ့ သီအိုရီသမားကြီးဖြစ်တယ်။ Juche (ဂျူချီ) နည်းနာသုံးပြီး မြောက်ကိုရီးယားကို နယ်ချဲ့ အရင်းရှင်တွေရန်ကနေကာကွယ်နိုင်ပြီး၊ မမြင်နိုင်တဲ့ဆိုရှယ်လစ်ခံတပ်ကြီးကို Songun  (ဆောင်ဂန်) အောက်မှာ တခုတည်းသောအမြင်နဲ့တည်ဆောက်နိုင်သူဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

(၃) 15-1-2015 - North Korea pushes Myanmar to seize pirated versions of 'The Interview' 
၁၅-၁-၂ဝ၁၅ ခိုးယူကူးတဲ့အင်တာဗျူးရုပ်ရှင်မိတ္တူတွေကို ပိတ်ပင်ဘို့ မြောက်ကိုရီးယားမှ မြန်မာကိုတွန်းအားပေး

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး