Unknown Soldiers အညတရ နိုင်ငံကြီးသားများအလိုရှိသည်

• ပြောဘို့အကွက်သာလိုက်ရှာနေသူတွေတော့ ပြောကြတယ်။ NLD မပါဘူး၊ ဟိုအဖွဲ့ငြိမ်နေတယ်။ သည်အဖွဲ့က နေရာဝင်ယူတယ်။
• အရွယ်နဲ့ တာဝန်မတူရင် ကိုယ့်နေရာအမှန်ကို ရွေးတတ်ရတယ်။
• ကျောင်းသားတွေပွဲမှာ လူကြီးတွေက ကိုယ်တိုင်ဝင်ပါဘို့ မသင့်တတ်ပါ။ ဒါပေမဲ့ တာဝန်မရှိဘူးမဟုတ်ပါ။
• လူကြီးတွေက ကိုယ်နဲ့အသင့်ဆုံး လုပ်ပေးနိုင်တဲ့နည်းနာကို ရွေးလုပ်နိုင်ပါတယ်။
• အပြော၊ အဟော၊ အရေးနဲ့ အဝေးကနေကူညီနိုင်ကြတယ်။
• အကူအညီတွေ လှမ်းပို့ပေးနိုင်တယ်။ မေတ္တာပို့နိုင်ကြပါတယ်။
• ကျောင်းသားတွေကို ဖြိုခွဲမဲ့လူကြီးဆိုသူတွေကို စည်းရုံး၊ ဖျောင်ဖျ၊ နားချတာမျိုး လုပ်နိုင်ရင်လုပ်ပါ။
• လူသိခံစရာ လိုချင်မှလိုမယ်။ အမည်မဖေါ်စေတနာရှင်တွေ၊ သတင်းမှာမပါတဲ့ အကျိုးဆောင်သူတွေဟာ အညတရစစ်သည်တွေလိုပဲ အလေးပြု၊ သာဓုခေါ်ခံထိုက်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅
Photo: The Tomb of the Unknown Soldier at the Arc de Triomphe in Paris, France

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး