Vaccines not recommended for pregnant women ကိုယ်ဝန်ဆောင်စဉ် မထိုးသင့်သောကာကွယ်ဆေးများ

ဆရာရေ ကူညီပါအုံး။ ကျမက အသက် ၃ဝ ပါ။ အိမ်ထောင်ရှိပါတယ်။ အမေရိကားကိုလာဖို့ ကာကွယ်ဆေးထိုးရတဲ့အတွက် ကလေး ၃ လမယူရဘူးလို့ပြောပါတယ်။

ကာကွယ်ဆေးအမျိုးအစားဟာ live, attenuated viruses ဗိုင်းရပ်အရှင် ဒါမှမဟုတ် အာနည်းအောင်လုပ်ထားတဲ့ ဗိုင်းရပ်စ် ကနေထုတ်လုပ်ထားတာမျိုးကို ကိုယ်ဝန်ဆောင်မှာ မထိုးသင့်ပါ။ ကာကွယ်ဆေးနဲ့ အနည်းဆုံး ၄ ပါတ်ခြာပြီးမှသာ ကိုယ်ဝန်ယူသင့်တယ်။ တချို့က ၃ လအထိခြာခိုင်းတယ်။

ကိုယ်ဝန်ဆောင်စဉ် မထိုးသင့်သောကာကွယ်ဆေးများ
၁။ MMR (Measles, Mumps and Rubella) Vaccine ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်ကာကွယ်ဆေး

၂။ Varicella (Chickenpox) Vaccine ရေကျောက်ကာကွယ်ဆေး

၃။ Live, Attenuated Influenza Vaccine တုပ်ကွေးကာကွယ်ဆေး

၎။ Oral Poliovirus Vaccine ပါးစပ်ကနေတိုက်တဲ့ ပိုလီယိုကာကွယ်ဆေး

၅။ Yellow Fever Vaccine အဝါရောင်အဖျားရောဂါကာကွယ်ဆေး

၆။ Typhoid Vaccines တိုက်ဖွိုက်ရောဂါကာကွယ်ဆေး

၇။ BCG Vaccine တီဘီကာကွယ်ဆေး

၈။ Vaccinia (Smallpox) Vaccine ကျောက်ကြီးရောဂါကာကွယ်ဆေး (အခုမထိုးတော့ပါ)

၉။ HPV vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေးကို သက်ရှိပိုးကနေထုတ်လုပ်တာ မဟုတ်ပေမယ့် ဆေး ၃ ကြိမ် ထိုးတာမပြည့်ခင် ကိုယ်ဝန်ရှိသွားရင် ကျန်တာကို ကလေးမီးဖွါးပြီးမှာသာ ဆက်ထိုးပါ။

ဒေါက်တာတင့်ဆွေ
၆-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး