Physical Changes During Pregnancy ကိုယ်ဝန်ဆောင်စဉ် ရုပ်ပိုင်းအပြောင်းအလဲများ
ကိုယ်ဝန်ဆောင်မိခင်တွေမှာ နှလုံးခုန်မြန်တတ်သလားဆရာ။ ဟုတ်တယ်ဆိုရင် ဘာလို့လဲဆိုတာရှင်းပြပေးပါ။
ကိုယ်ဝန်ဆောင်စဉ်မှာ ရုပ်ပိုင်းအပြောင်းအလဲတွေဖြစ်လာတယ်။ အဲလိုအပြောင်းအလဲအများစုက ကလေးမွေးပြီး ပျောက်သွားမယ်။ အဲလိုဖြစ်တာတွေက ပုံမှန်ဖြစ်စဉ်သာဖြစ်ပါတယ်။ တချို့မှာ ဥပမာ ကိုယ်ဝန်မှာဖြစ်လာတဲ့ဆီးချိုကတော့ ရောဂါစာရင်းဝင်တယ်။
1. Persistent or unusual headaches ခါတိုင်းနဲ့မတူ ခေါင်းကိုက်ခြင်း၊
2. Persistent nausea and vomiting အဆက်မပြတ် အန်နေခြင်း၊
3. Light-headedness ခေါင်းထဲနေရတာပေါ့နေခြင်း၊
4. Disturbances of eyesight မျက်စိအမြင်အားနည်းခြင်း၊
5. Pain or cramps in the lower abdomen ဗိုက်အောက်ပိုင်း နာခြင်း၊
6. Contractions ကလေးမွေးချင်သလိုဗိုက်နာခြင်း၊
7. Vaginal bleeding မွေးလမ်းကသွေးဆင်းခြင်း၊
8. Leakage of amniotic fluid ရေမြွာရေဆင်းခြင်း၊
9. Swelling of the hands or feet ခြေလက်ရောင်ခြင်း၊
10. Decreased urine production ဆီးနည်းခြင်း၊
11. Any illness or infection ရောဂါပိုးဝင်ခြင်း၊
12. Tremor လက်တုန်ခြင်း၊
13. Seizures တက်ခြင်း၊
14. Rapid heart rate နှလုံးခုန်မြန်ခြင်း၊
15. Decreased movement of the fetus ကလေးလှုပ်ရှားမှုနည်းခြင်း၊
16. Fatigue ကိုယ်ဝန်ပဌမ ၃ လမှာ အားကုန်နေသလိုခံစားရခြင်း၊ အဲလိုဖြစ်ရင် အနားယူရမယ်။
17. Heart and blood flow နှလုံးနှင့် သွေး
ကိုယ်ဝန်ဆောင်ရင် နှလုံးကအလုပ်ပိုလုပ်ရတယ်။ သားအိမ်ဆီသွေးပိုပြီးပို့ဆောင်ပေးရတယ်။ မွေးကာနီးဆိုရင် နှလုံးအလုပ်လုပ်သမျှရဲ့ ၅ ပုံ ၁ ပုံက သားအိမ်ဆီရောက်တယ်။ Cardiac output ခေါ်တိုင်းတာမှုရဲ့ ၃ဝ% ကနေ ၅ဝ% တိုလာတယ်။ နှလုံးခုန်နှုန်း တမိနစ်မှာ ၇ဝ ရှိနေသူဟာ ၈ဝ-၉ဝ အထိဖြစ်လာမယ်။ လေ့ကျင့်ခန်းလုပ်ရင် ဒိထက်ပိုမယ်။ ကိုယ်ဝန် အပတ် ၃ဝ ရောက်ရင် Cardiac output နည်းနည်း နည်းလာမယ်။ ကလေးမွေးနေစဉ်မှာ နောက်ထပ် ၃ဝ% တိုးမယ်။ မွေးပြီးတာနဲ့ နည်းလာတာမြန်တယ်။ ကလေး ၆ ပတ်ရရင် အရင်လိုအခြေအနေပြန်ရောက်မယ်။ တချို့မှာ နှလုံးခုန်သံ မူမမှန်တာကြားရတယ်။ Heart murmurs ခေါ်တယ်။ စိုးရိမ်စရာမဟုတ်ပါ။ Blood pressure သွေးဖိအား ခေါ် သွေးတိုးတာ ကိုယ်ဝန် ဒုတိယ ၃ လထဲမှာဖြစ်တတ်တယ်။ နောက်ပိုင်းမှာ ပုံမှန်ပြန်ရောက်ပါတယ်။ Blood volume သွေးထုထည်လည်း ၅ဝ% တိုလာတယ်။ သွေးထဲကအရည်ပိုင်းကတိုးလာလို့ဖြစ်တယ်။ သွေးနီဥတွေတိုးလာတာမဟုတ်ပါ။ သွေးနီဥနည်းတဲ့ သွေးအားနည်းတာ အနည်းနဲ့အများဖြစ်တယ်။ အဲတာကြောင့် သံဓါတ်အားဆေးပေးတယ်။ ပိုးဝင်တာရှိရင် သွေးဖြူဥအရေအတွက်ပါတိုးနေမယ်။
18. Reproductive tract မျိုးပွါးလမ်း
ကိုယ်ဝန်ပဌမ ၃ လကစပြီး သားအိမ်ကြီးလာလို့ ဗိုက်စူလာမယ်။ ၅ လဆိုရင် ချက်တည်းတည့်အထိကြီးမယ်။ ၉ လရှိရင်ရင်ခေါင်းအထိကြီးလာမယ်။ မွေးလမ်းကနေ တခုခုဆင်းမယ်။ ခပ်ဖြူဖြူအရည်ကြည့်တာဆင်းမယ်။ အရောင် မမှန်တာ၊ အနံ့ရှိတာ၊ ပူလောင်တာ၊ ယားတာရှိရင် ဆရာဝန်ပြပါ။ Trichomoniasis ခေါ်ပိုးဝင်တာနဲ့ Candidiasis ခေါ်မှို ခေါ် ဖန်းဂတ်စ်ပိုးဝင်တာဖြစ်နိုင်တယ်။
19. Breasts ရင်သားအပြောင်းအလဲ
ကိုယ်ဝန်ဆောင်လို့ပြောင်းလဲလာတဲ့ဟော်မုန်းတွေကြောင်း ရင်သားပြောင်းလဲမှုဗတွဖြစ်မယ်။ ကြီးထွား-တင်းမာ-နာလာမယ်။ နို့ထွက်ပြွန်တွေကြီးလာ များလာတယ်။ အတွင်းခံအရွယ်အစားပြောင်းဝတ်ဆင်ရမယ်။ မွေးကာနီးလာရင် ခပ်ဝါဝါအရည်ထွက်မယ်။ Colostrum ခေါ်တယ်။ ကလေးမွေးလာရင် အဲတာကိုစို့စေရမယ်။ ဓါတ်ဆားတွေနဲ့ အင်တီဘော်ဒီခေါ် ခုခံအားတွေပါနေလို့ကောင်းတယ်။
20. Edema ကိုယ်ရောင်ခြင်း
သားအိမ်ဆီသွေးပိုပေးရလို့ ကိုယ်အောက်ပိုင်းကို သွေးရောတာနည်းစေတယ်။ ခြေထောက်တွေရောင်နိုင်တယ်။ သေးပြန်ကြောထုံးတာလည်းဖြစ်နိုင်တယ်။
21. Urinary tract ဆီးလမ်း
နှလုံးလိုပဲ ကျောက်ကပ်ကလည်း အလုပ်ပိုလုပ်ပေးလာရတယ်။ ကိုယ်ဝန် ၁၆ ပတ်ပနေ ၂၄ ပတ်မှာ အများဆုံး လုပ်ပေးရတယ်။ ကြီးလာတဲ့သားအိမ်ကဖိနေလို့ ကျောက်ကပ်ဆီသွေးရော်တာနည်းစေနိုင်တယ်။
22. Respiratory tract အသက်ရှူလမ်း
ပရိုဂျက်စတီရုန်းဟော်မုန်းထက်လာလို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နည်းစေဘို့ ဦးနှောက်က အသိပေးချက် ရလာတယ်။ အသက်ရှူတာနည်းနည်းလေးပိုမြန်တယ်။ ပင့်သက်ရှူထုတ်ရတတ်တယ်။ လေ့ကျင့်ခန်းလုပ်သူတွေက ပိုသိသာတယ်။ စကားပြောသံ နည်းနည်းပြောင်းတတ်တယ်။
23. Digestive tract အစာလမ်း
ပျို့တာ အန်တာအဖြစ်များတယ်။ Morning sickness စာဖတ်ပါရန်။
24. Skin အရေပြား
Mask of pregnancy ကိုယ်ဝန်ဆောင်မျက်နှာဖုံးလို့ခေါ်တာဖြစ်မယ်။ Melisma တင်းတိတ်ပါပဲ။ နဖူးနဲ့ ပါးပြင်တွေမှာ ခပ်ညိုညိုအရောင်အစက်အပျောက်တွေပေါ်လာတယ်။ Pruritic urticarial papules ခေါ်ယားတဲ့ အပြင် ကိုယ်ဝန် ၂-၃ ပတ်မှာ ပေါ်တတ်တယ်။
25. Hormones ဟော်မုန်းများ
ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းတွေအားလုံးလောက်နီးပါး ပြောင်းတယ်။ အချင်းကနေဟော်မုန်းတွေထုတ်ပေးတယ်။ လည်ပင်းကြီးဟော်မုန်းပါများစေတယ်။ နှလုံးခုန်ပိုမြန်စေတယ်။ ရင်တုန်မယ်။ ချွေးပိုထွက်မယ်။ Hyperthyroidism ခေါ်ဟော်မုန်းများတာကတော့ ၁% ထက်နည်းပါတယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေပြောင်းလဲတာ သိသာတယ်။ ကိုယ်ဝန် ၉-၁ဝ ပတ်ကစပြီး အချင်းကနေ ထုတ်ပေးလာတယ်။ အရင်ကတော့ မျိုးဥအိမ်ကနေသာ ထုတ်ပေးနေတာ။ အချင်းက HCG ဟော်မုန်းကို အရင်ထုတ်ပေးတယ်။ အဲတာကိုဆီးထဲမှာစမ်းရတာကို ကိုယ်ဝန်ရှိ မရှိစမ်းတာလို့ခေါ်တယ်။ Aldosterone နဲ့ Cortisol တွေလည်း အဒရီနယ်လ်ဂလင်းတွေကနေပိုထုတ်ပေးလာတယ်။
26. Joints and muscles အဆစ်တွေနဲ့ ကြွက်သားတွေ
တင်ပါးဆုံရိုးကွင်းမှာရှိတဲ့ အဆစ်တွေနဲ့ ကြွက်သားတွေက ကလေးမွေးတဲ့အခါအဆင်ပြေစေအောင် ပြောင်းလဲလာတယ်။ ခါးနာသူများတယ်။ ကိုယ်ဟန်အနေအထားပြောင်းလာလို့ဖြစ်တယ်။
• Mask of pregnancy ကိုယ်ဝန်ဆောင်နဲ့ တင်းတိပ် https://doctortintswe.blogspot.com/2014/12/mask-of-pregnancy.html
• Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ https://doctortintswe.blogspot.com/2017/08/morning-sickness.html
• Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း http://doctortintswe.blogspot.com/2014/11/pregnancy-and-vomiting.html
• Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ https://doctortintswe.blogspot.com/2014/11/pregnancy-pains.html
ဒေါက်တာတင့်ဆွေ
၈-၁ဝ-၂ဝ၁၇

Comments
Post a Comment