Evening primrose oil ညနေခင်း နှင်းဆီ

(၁) ဆရာ ကျမက Omega 6 ပါတဲ့ Evening Primrose Oil 1000mg daily သောက်သူပါ။ PMS အပြင်းစားကြောင့်ပါ။ အခု Omega 3 1000mg လည်း Daily သောက်နေပါတယ်။ အဆင်ပြေလား သိချင်ပါတယ်ဆရာ။

ဟာဗယ်ဆေး၊ ကြောညာဆေးအမျိုးအစားဖြစ်ပါတယ်။

Evening primrose oil ကို (ဆေးကြော်ညာတွေအရ) ဒီရောဂါတွေမှာသုံးတယ်။ Eczema, Psoriasis ခေါ်တဲ့ နှင်းကူနာလို တာရှည်ကြာ အရေပြားအနာတွေ၊ Acne ဝက်ခြံ၊ Raynaud’s syndrome, Multiple sclerosis (MS), Sjogren’s syndrome ရှားပါးရောဂါတွေ၊ ကင်ဆာ၊ (ကိုလက်စထော) များတာ၊ နှလုံးရောဂါ၊ သွေးကြောပိတ်လို့ ခြေထောက်နာတာ၊ အရက်နာ၊ Alzheimer’s disease နဲ့ Schizophrenia စိတ်ရောဂါ၊ ပန်းနာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ အဝလွန်တာ၊ ကြက်ညှာချောင်းဆိုး၊ Ulcerative colitis, Irritable bowel syndrome အူလမ်းရောဂါတွေ၊ လေနာ၊ ရင်သားနာတာ။

အစားထဲမှာ Essential fatty acids ရစေမယ်။ Soaps ဆပ်ပြာနဲ့ Cosmetics အလှသုံးပစ္စည်းတွေထဲလဲ ထည့်သုံးတယ်။
သုတေသနတွေအရ ထပ်သိရတာတွေကတော့ -
• Possibly effective အကျိုးရှိနိုင်လောက်တဲ့ ရောဂါတွေကတော့-
- Breast pain ရင်သားနာတာ၊
- Osteoporosis အရိုးအားနည်းတာကို ကယ်လ်စီယမ်၊ ငါးကြီးဆီတွေနဲ့ တွဲသုံးရင်၊

• Possibly ineffective အကျိုးမရှိနိုင်လောက်တဲ့ ရောဂါတွေ =
- Symptoms of premenstrual syndrome (PMS) ရာသီလာခါနီးဖြစ်တာတွေ သက်သာအောင်၊
- Attention deficit-hyperactivity disorder (ADHD) ကလေး သတိမကောင်း ရောဂါ၊
- Eczema နှင်းခူနာ

• Insufficient evidence t- rate effectiveness လုံလောက်တဲ့ အထောက်အထားမရှိတဲ့ ရောဂါတွေ =
- Chronic fatigue syndrome (CFS) နာတာရှည် အားယုတ်တာ၊
- Rheumatoid arthritis, Osteoporosis အရိုး-အဆစ်နာ၊
- Complications of pregnancy ကိုယ်ဝန်ဆောင်တွေဆိုရင် Pre-eclampsia ကိုယ်ဝန် သွေးဆိပ် မတက်စေအာင်၊ Shortening labor, Starting labor မွေးတာမြန်အောင်၊
- Cancer ကင်ဆာ၊
- Acne ဝက်ခြံ၊
- Multiple sclerosis (MS) မာလတီပယ်-စကယ်လ်ရိုးဆစ်၊
- Rheumatoid arthritis လေူဘက်နာ၊
- Heart disease နှလုံးရောဂါ၊
- High cholesterol ကိုလက်စထောများတာ၊
- Alzheimer’s disease အဇာမိုင်းယား၊

• ဗြိတိန်မှာ နှင်းခူနာနဲ့ ရင်သားနာတာတွေအတွက် သုံးခဲ့တယ်။ ဒါပေမဲ့ Medicines Control Agency (MCA) ကနေ ထိရောက်မှု သက်သေပြရာမှာ မခိုင်လုံလို့ဆိုပြီး လိုင်စင်ထုတ်မပေးတော့ပါ။

(၂) သမီးကို အခုဆရာဝန်က Eposoft နဲ့ Ranferon 12 ကိုသောက်ခိုင်းပါတယ်။ သမီးသိချင်တာက အားဆေးကို ရေရှည် စွဲသောက်လို့မရဘူးပြောလို့ သိချင်တာပါ။ အဲ့ဒါ အခုသောက်တဲ့ Eposoft ကိုရေရှည်စွဲသောက်လို့ ရ-မရ သိချင်ပါတယ်။ တကယ်လို့ မသောက်ရဘူးဆိုရင်လည်း ဘာကြောင့်အားဆေးတွေကို ရေရှည်မှာ စွဲသောက်ခွင့်မပြုတာလဲ ဆိုတာကို အားလုံးသိအောင် ဗဟုသုတအနေနဲ့ ပြောပြပေးစေချင်ပါတယ်ဆရာ။

Eposoft ဟာ ဟာဗယ်ဆေး၊ ကြောညာဆေးအမျိုးအစားဖြစ်ပါတယ်။ Eposoft နာမည်နဲ့ဆေးကြော်ညာမှာ ဒီလို ရေးထားတာဖတ်ရတယ်။
Evening Primrose Oil 1000 mg (equiv to gamma linolenic acid 100 mg) နဲ့ d a-tocopherol 5.03 mg (equiv to vitamin E 7.5 IU) ပါတယ်။

• Tension & Irritation စိတ်တင်းကျပ်နေတာ၊ စိတ်တိုနေတာ၊
• Menstrual Cramps ရာသီလာချိန်မှာနာတာ၊
• Breast Tenderness ရင်သားတင်းနာတာ၊
• Headache ခေါင်းကိုက်တာနဲ့
• Bloating ရင်ပြည့်တာတွေကိုသက်သာစေမယ်လို့ဖတ်ရပါတယ်။

ဆရာဝန်တိုင်းကတော့ အဲလို ဟာဗယ်ဆေးမျိုးတွေမညွှန်ပါ။ သုတေသနမစုံတော့ အကောင်း-အဆိုးနဲ့ ရေရှည်မှာ ဘာဖြစ်မလဲ မပြောနိုင်ပါ။

ဖတ်နိုင်တဲ့စာတွေ -
• PMS (1) ရာသီမလာခင် ဖြစ်ချင်တာတွေ (၁)
• PMS (2) ရာသီမလာခင် ဖြစ်ချင်တာတွေ (၂)
• Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး

Dr. တင့်ဆွေ
၁၂-၃-၁ဝ၁၁
၁၇-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး