Mask of pregnancy ကိုယ်ဝန်ဆောင်နဲ့ တင်းတိပ်

ဆရာ ကျမအမည့့် ပါ။ အသက် ၄ဝ ရှိပါပြီ။ ရန်ကုန့့် မှာနေပါတယ်။ သား ၂ ယောက်ရှိပါတယ်။ သားကြီးကိုယ်ဝန် ၅ လလောက်မှာ မျက်နှာမှာ တင်းတိပ်စထွက်ပါတယ်။ မွေးပြီးပါးသွားပါတယ်။ နောက် ၃ နစ်အကြာမှာ သားငယ် ကိုယ်ဝန်ထပ်ရှိတော့ တင်းတိပ်ပြန်များလာပါတယ်။ ခု သားငယ် ၄ နစ်ပါ။ ခုတလော ပိုဆိုးလာပါတယ်။ On line က ရောင်းနေတဲ့ တင်းတိပ်ပျောက်ဆေးတွေလဲ မသုံးရဲပါ။ သောက်ဆေးတွေလဲ မသောက်ရဲပါ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါရှင့်။

• တင်းတိပ်ကို ဆေးစာနဲ့ Chloasma နဲ့ Melasma gravidarum လို့ခေါ်တယ်။
• Mask of pregnancy ကိုယ်ဝန်ဆောင်မျက်နှဖုံးလို့ခေါ်ကြတယ်။ American Congress of Obstetricians and Gynecologists အဖွဲ့ရဲ့ အဆိုအရ ကိုယ်ဝန်ဆောင် ၇ဝ% မှာဖြစ်တယ်။
• ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာပါ။ အထဲကကလေးကိုလဲ မိခိုက်ပါ။ ကလေးမွေးပြီးရင် ရင့်နေတဲ့အရောင်က ပျော့လာပါမယ်။
• ကာကွယ်တဲ့သဘောလုပ်နိုင်တာက နေရာင်နဲ့ထိတွေ့တာနည်းပါစေ။ နေရောင်ထဲထွက်စရာရှိရင် SPF 30 အနည်းဆုံးရှိတဲ့ Broad-spectrum, high-protection sunscreen နေရောက်ကာလိမ်းစရာသုံးပါ။
• Mild soaps ဆပ်ပြာအပျော့စားသာသုံးပါ။
• Exfoliate နည်းကို တပါတ်မှာ ၂ ခါသုံးပါ။ How to Exfoliate Skin http://www.wikihow.com/Exfoliate-Skin
• Tri-Luma သုံးနိုင်တယ်။
• Estrogen (အီစထိုဂျင်) ဟော်မုန်းပါတဲ့ တားဆေး၊ ဗဂျိုင်းနာကွင်း၊ ဆေးကပ်ခွါတွေကလဲ ပိုဖြစ်စေနိုင်တယ်။
• Tretinoin (Retin-A) ပါတဲ့ ဆေးလိမ်းနိုင်တယ်။ Glycolic acid ပါတဲ့ အရောင်ခွါဆေးလဲသုံးတယ်။ ချက်ချင်းကောင်းလာမယ်လို့တော့ မမျှော်လင့်ပါနဲ့။

Melasma တင်းတိပ် http://doctortintswe.blogspot.com/2014/10/melasma.html

Dr. တင့်ဆွေ
၁၆-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး