Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း

(၁) T3 / Serum triiodothyronine ပုံမှန် = 80 to 220
- Less than 80 can indicate hypothyroidism
- 80 ထက်နည်းနေရင် လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဖြစ်နိုင်တယ်။

(၂) Total T4 / Serum thyroxine ပုံမှန် = 4.5 to 12.5
- Less than 4.5 can be indicative of an underfunctioning thyroid when TSH is also elevated.
- 4.5 ထက်နည်းပြီး TSH ပါများနေရင် လည်ပင်းကြီး အလုပ်နည်းနေနိုင်တယ်။
- Over 12.5 can indicate hyperthyroidism.
- 12.5 ထက်များနေရင် လည်ပင်းကြီး ဟော်မုန်းများရောဂါဖြစ်မယ်။
- Low T4 with low TSH can sometimes indicate a pituitary problem
- T4 လဲ နည်းနေမယ်၊ TSH လဲနည်းနေမယ်ဆိုရင် (ပစ်ကျူထရီ) ဆိုတဲ့ ဦးနှောက်ထဲက ဟော်မုန်းတွေထုတ်တာနဲ့ ဆိုင်တဲ့နေရာမှာ ရောဂါ ရှိ-မရှိစစ်ရမယ်။

(၃) Free T4 / Free Thyroxine - FT4 ပုံမှန် = 0.7 to 2.0
- Less than 0.7 is considered indicative of possible hypothyroidism
- 0.7 ထက်နည်းနေမယ်ဆိုရင် လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဖြစ်နိုင်တယ်။

(၄) TSH Test -- Thyroid Stimulating Hormone / Serum thyrotropin
- Normal Range = 0.4 to 6.0
- American Association of Clinical Endocrinologists ကနေ 0.3 to 3.0 ဟာ ပုံမှန်လို့ သတ်မှတ်ထားရာကနေ ၂ဝဝ၃ မှာ 0.4 to 6.0 လို့ ပြင်ထားလိုက်တယ်။
- Under 0.4 can indicate possible hyperthyroidism
- 0.4 ထက်နည်းနေရင် လည်ပင်းကြီး ဟော်မုန်းများရောဂါ ဖြစ်မယ်။
- Over 6.0 is considered indicative of hypothyroidism
- 6.0 ထက် များနေရင် လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်တယ်။

မှတ်ချက်။
- ယေဘုယျကိန်းဂဏန်းတွေဖြစ်တယ်။
- ဓါတ်ခွဲခန်း တခုနဲ့တခု မတူပါ။ ကိုယ်စစ်တဲ့ဓါတ်ခွဲခန်းက ပုံမှန်သတ်မှတ်ချက်ဆိုတာနဲ့ နှိုင်းယှဉ်ရမယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး