Decent speech စကားအရာ အင်္ဂါ (၁ဝ) ပါး

• ဖေ့စ်ဘွတ်မှာ ယဉ်ယဉ်ကျေးကျေးရေးကြဘို့ မကြာမကြာ နှိုးဆော်ပါတယ်။
• ဘယ်သူကဖြစ်ဖြစ် လူသိရှင်ကြား ဆဲတဲ့စကားကိုလဲ မနှစ်သက်ပါ။
• အထိုင်မတတ်တော့ ဖြဲသလို၊ အပြောမတတ်တော့ ဆဲသကိုလို့ မှတ်ချက်ပြုပါတယ်။
• အဲလိုပြောတာဟာ အဆဲခံရသူကို ထောက်ခံတာမဟုတ်ပါ။ ဆဲတာကို မထောက်ခံတာဖြစ်ပါတယ်။

စကားအရာ အင်္ဂါ (၁ဝ) ပါး
၁။ ကာလဝါဒီ = ပြောချိန်ပြောခွင့်သင့်မှသာ ပြောဆိုခြင်း၊
၂။ ဘူတဝါဒီ = ဟုတ်မှန်သောစကားကိုသာ ပြောဆိုခြင်း၊
၃။ ဓမ္မဝါဒီ = တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊
၎။ အတ္တဝါဒီ = အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊
၅။ ပိယဝါဒီ = ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း၊
၆။ မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ပြောဆိုခြင်း၊
၇။ မိတာဘာဏီ = မပိုမလွန်ချင့်ချိန်၍သာ ပြောဆိုခြင်း၊
၈။ အတုရိတဝါဒီ = အဆောတလျင်စွာ မပြောဆိုခြင်း၊
၉။ ပေါရီ = ဓလေ့ထုံးစံကိုလိုက်၍သာ ပြောဆိုခြင်း၊
၁ဝ။ ဝိသဒဝါဒီ = သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင်သာ ပြောဆိုခြင်း၊

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး