February 13 ဗိုလ်ချုပ်မွေးနေ့

• ဖေဖေါ်ဝါရီ (၁၂) ရက်နေ့ဟာ လွတ်လပ်ရေးနေ့နဲ့အတူ အရေးကြီးတဲ့ ပြည်ထောင်စုနေ့ဖြစ်တယ်။ ဖေဖေါ်ဝါရီ (၁၃) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ မြန်မာနိုင်ငံ ကလေးများနေ့ဖြစ်တယ်။
• အဲဒီနေ့ထူးနေ့မြတ်တွေကိုတော့သတိမရကြပဲ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့ကိုဘဲ သိနေကြသူတွေကို အဲလိုလူတွေတော့ မကျန်းမာလဲနေပါစေလို့ပြောရင် ပြောတဲ့သူကိုသာ အပြစ်မြင်ကြလိမ့်မယ်။
• ဖေဖေါ်ဝါရီ ၁၄ ရက်ကို စိန့် ဗယ်လင်တိုင်းနေ့လို့ ခရစ်ယန်ဘာသာဝင်တွေက အေဒီ ၅ဝဝ ကတည်းက သတ်မှတ်ခဲ့တယ်။ ၁၉၆၉ မှာ ပုတ်ရဟန်းမင်းကြီးက သူတော်စဉ်ပြက္ခဒိန်ထဲကနေဖျက်လိုက်ပေမဲ့ ကနေ့အထိ အသဲပုံ၊ မြားနတ်မောင်ပုံတွေနဲ့ အချစ်လက်ဆောင်တွေ (ပန်း၊ ကပ်ပြား) အပြန်အလှန်ပေးကြတယ်။
• တနှစ်က ဒီအကြောင်းလေးသတိပေးတော့ လက်ဆောင်ဆိုတာ ချောကလက်ဆရာလို့ ဖေ့စ်ဘွတ် ဖရင်းတယောက်က သင်ပေးပါတယ်။
• ပိုတဲ့သူတွေကပိုပါသေးတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်ကို Happy hug Day ဖက်လဲတကင်းနေ့တဲ့။
• ခုတလော ရိုင်းတဲ့အပြောအဆို ခေတ်စားနေလို့ ခပ်ရိုင်းရိုင်းပဲပြောပါရစေ။ သူများနိုင်ငံတွေမှာ ကိုယ်မွှေးတွေကို ပုံဖေါ်ရင် ယောက်ျားတွေက ဟစ်တလာ နှုတ်ခမ်းမွှေးနဲ့ ချာလီချက်ပလင် နှုတ်ခမ်းမွှေးတွေလုပ်သလို မိန်းကလေးတွေက သူတို့ ကိုယ်မွှေးပေါက်ရာမှာ အသည်းပုံဖေါ်ပြီး၊ ဗယ်လင်တိုင်းနေ့အတွက် စပါယ်ရှယ်လုပ်ကြပါသတဲ့။
• မရိုင်းကြပါနဲ့။ မြန်မာပြည်မှာ ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ အသည်းနှလုံးထဲနဲ့ ဦးနှောက်ကနေ တိုင်းပြည်နဲ့ လူထုအတွက် စပါယ်ရှယ်လုပ်သင့်ကြပါတယ်။

ဓါတ်ပုံ = ၁၃-၂-၂ဝ၁၁ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာကလေးများနေ့)၊ နယူးဒေလီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး