Menstruation and athlete

ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား

• နှစ်တနှစ်မှာအစဆုံးကျင်းပတဲ့ သြစတေးလျား အိုးပင်း တင်းနစ်ပြိုင်ပွဲကြီးကျင်းပနေပါတယ်။ အမျိုးသမီးတဦးချင်း ပြိုင်ပွဲကနေ ကနေ့ထွက်လာတဲ့ အားကစားသတင်းဖြစ်ပါတယ်။
• မိန်းလေး-အမျိုးသမီးတွေ လစဉ်ရာသီလာခြင်းဟာ ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား။
• ဗြိတိန်နံပါတစ် တင်းနစ်ကစားသမား Heather Watson ဟီသာ ဝတ်ဆန်ဟာ ပွဲစဉ်တစ်ကနေ ထွက်လိုက်ရတာဟာ မိန်းကလေးကိစ္စလို့ အပြစ်တင်ပါတယ်။ တလွဲမတွေးပါနဲ့ Girl things ဆိုတာ ရာသီလာတာကို ပြောလိုက်တာပါ။
• ဒီမေးခွန်းကို အမျိုးသမီး မာရသွန်ချန်ပီယံ Paula Radcliffe ပေါ်လာ ရဒ်ကလစ်ဖ်၊ ဇီဝကမ္မဗေဒပညာရှင် Baroness Tanni Grey-Thompson သွမ်ဆင်၊ ပါမောက္ခ John Brewer ဂျွန် ဘရီဝါတို့နဲ့ ဘီဘီစီကမေးမြန်းပြီး သတင်းလုပ်ထားပါတယ်။
• ပေါ်လာ ရဒ်ကလစ်ဖ် ကတော့ ကမ္ဘာ့စံချိန်တောင်ချိုးနိုင်ခဲ့လို့ ကျမအဖို့ ရာသီလာတာ ပြဿနာမဟုတ်ပါတဲ့။
• ဗြိတိသျှ တာလတ်အပြေးသမား Jessica Judd ဂျက်ဆီကာ ဂျုဒ် ကတော့ ရာသီရက်အပေါ် မူတည်ပြီး ၁၅ စက္ကန့် ကွာခြားတယ်လို့ဆိုပါတယ်။
• ကမ္ဘာ့ ကြက်တောင်ချန်ပီယံ (ဟောင်း) Gail Emms ဂေးလ် အမ် ကတော့ ပြိုင်ပွဲနဲ့တိုက်နေရင် ကိုယ်ဝန် တားထိုးဆေးနဲ့ ရာသီရက်ကိုပြောင်းယူခဲ့ရတယ်လို့ ဝန်ခံပါတယ်။ (စာတပုဒ် ရေးထားပါတယ်။)
• Paula Radcliffe ပေါ်လာကတော့ တားဆေးစားဆေးသောက်ပါတယ်။ ပြိုင်ပွဲရာသီမစခင်မှာ ၃ ပါတ်ကြာ သောက်တယ်။ ရာသီလာရင်လဲ နည်းတယ်။ တနှစ်မှာ ရာသီ ၈ ခါပဲလာတယ်။
• သွမ်ဆင် ကတော့ အဲလို တားဆေးနဲ့ရာသီပြောင်းတာက လည်ပင်းနာသလိုပဲလို့ တင်စားပါတယ်။ တားဆေး ထိုးဆေးကြောင့် ရေဓါတ်တွေများမယ်။ ကိုယ်အလေးချိန်တက်မယ်။
• ဇီဝကမ္မဗေဒပညာရှင် Dr Richard Burden ဒေါက်တာရစ်ချတ် ဘာဒင်ပြောတာကတော့ သုတေသနတွေလုပ်ဘို့ လိုပါသေးတယ်တဲ့။
• သဘာဝတရားကို ဆန့်ကျင်ရတာ လွယ်တော့မလွယ်ပါ။ အားကစားဆရာဝန်တွေက အများအားဖြင့် ယောက်ျား ဆရာဝန်တွေဖြစ်နေတယ်။ မိန်းမတွေကို သိပ်နားလည်ကြပုံမရဘူး။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး