Moles မှဲ့ (၁)

မှဲ့ ကို ဆေးစာနဲ့ Melanocytic naevus လို့ခေါ်တယ်။ လူတိုင်းလိုလို Congenital naevi မွေးရာပါရော နောက်မှ ပေါက်တာရော အများကြီးဖြစ်တယ်။ နောက်ပေါက်တွေက နေရောင်နဲ့ထိရာကနေဖြစ်လာတယ်လို့ ယူဆတယ်။ နေရောင် မထိတဲ့ နေရာတွေလဲ ပေါက်တာပါဘဲ။ အသက်ရမှ ပေါက်လာတတ်သလို တချို့ ပေါက်ပြီးသားလဲ ပျောက်တတ်တယ်။ ကျွန်တော့ညာဖက်ပါးကမှဲ့ကကြီးတယ်။

အနုကြည့်မှန်ဘီလူးနဲ့ ကြည့်ရင် ပုံမှန်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ဘာမှ စိုးရိမ်စရာမလိုဘူးပြောရင် ရပါတယ်။ Melanocytes လို့ခေါ်တဲ့ Pigment cells အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေ ဖြစ်တယ်။

စိုးရိမ်စရာ ဘာရှိလဲ။ လူနည်းနည်းလောက်မှာ ကံမကောင်းရင် တချိန်မှာ Skin cancer အရေပြား-ကင်ဆာ ဖြစ်နိုင်တယ်။ Malignant melanoma ဖြစ်ရင် ဆိုးတယ်။ စောစောသိရင် ခွဲစိတ်ပြစ်မှ ကောင်းတယ်။ ကိုယ်မှာ မှဲ့တွေများနေတာ မကောင်းပါ။ ကြည့်မကောင်းတာ မဟုတ်ဘူး။ မှဲ့အစိတ်လောက် ပေါက်ရင် ကင်ဆာ ဖြစ်နိုင်တယ်။ နေရောင်နဲ့ မထိနိုင်အောင်ကြိုးစားတာဟာ ကာကွယ်နည်းတခုဖြစ်တယ်။ မိသားစုထဲမှာ အရေပြား-ကင်ဆာ သတိထားရမယ်။

- ကင်ဆာမှန်း ဘယ်လိုသိမလဲ Clinical photographs ပုံရိုက်စစ်ဆေးရတယ်။
- Halo naevi အရောင်နုတဲ့မှဲ့ ကင်ဆာမဟုတ်ပါ။ Vitiligo တခြားအရေပြားရောဂါကို ကူးသွားတာလဲ ရှိတယ်။
- Blue naevus အပြာရောင်မှဲ့ West Indian ကလေးငယ်တွေမှာ ရှိတတ်တယ်။ ဘာမှမထူးခြားပါ။
- Juvenile melanoma (Spitz naevus) ပန်းရောင်ကနေ ခပ်ညိုညိုအရောင်ရှိတယ်။ ကင်ဆာမဟုတ်ပါ။
- မှဲ့က ခြေဖဝါးမှာပေါက်ရင်၊ အမွှေးပေါက်ရင် ကင်ဆာဖြစ်မယ်ဆိုတာ မဟုတ်ပါ။

ဘာကို သတိထားနေရမလဲ။
- ယားမယ်၊ နာမယ်၊
- အရွယ်အစား ကြီးလာမယ်၊ ပုံသဏ္ဌာန် (ဘေးနှုတ်ခမ်းနေရာတွေမှာ) မညီမညာဖြစ်လာမယ်၊
- အရောင်ပြောင်းလာမယ်၊ ပိုမဲနက်လာမယ်၊
- ယုတ်တရက် သွေးထွက်လာမယ်၊

Mole Removal Introduction ခွဲစိတ်နည်းတွေ
၁။ Excision followed by stitches ခွဲထုတ်-ပြန်ချုပ်နည်း နဲ့
၂။ Excision with cauterization မီးရှို့-ဖြတ်ထုတ်နည်း။
၃။ Laser removal လေးဆာသုံးနည်း။ အကောင်းဆုံးနည်း မဟုတ်ပါ။ ရောင်ချယ် (ဆဲလ်) တွေက အရေပြား အတွင်းပိုင်းမှာရှိလို့ လေဆာက မရောက်နိုင်တာ ဖြစ်တတ်တယ်။

- Birthmarks ဆိုတာ မွေးရာပါအမှတ်၊
- Hemangiomas သွေးကြောအစုအဝေး၊
- Keratoses အသက် ၃ဝ ကျော်ရင် ဖြစ်လာတတ်တဲ့ အစက်အပျောက်၊ ကင်ဆာမဟုတ်ဘူး။ နောင်မှာ ရှားရှားပါးပါး ဖြစ်တတ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး