Myanmar becomes battleground of growing China-U.S. rivalry

• အမေရိကန်-တရုပ်ရဲ့ တိုးပြီးဖြစ်လာနေတဲ့ ယှဉ်ပြိုင်မှုရဲ့ စစ်မြေပြင်ဟာ မြန်မာလို့ အိန္ဒိယသတင်းစာကနေ ရေးလိုက်ပါတယ်။
• တရုပ်ကနေ တောင်အမေရိကတိုက်မှာ ခြေကုပ်ယူလာနေခြင်းဟာ အမေရိကကို မြန်မာနိုင်ငံမှာ တိုးပြီး ဝင်လာဘို့ကို ဖြစ်စေတယ်လို့ ပြည်ပနေတရုပ်တွေကဦးစီးတဲ့ Duowei website မှာ ရေးလိုက်ပါတယ်။
• တရုပ်ဟာ သူ့ရဲ့ စွမ်းအင်ရင်းမြစ်နဲ့ ပိုးလမ်းမကြီးမျှော်မှန်းချက်ထားရာ မြန်မာပြည်မှာ စိတ်ပူပင်မှုဒဏ်ခံလာနေရပြီ။
• တရုပ်သမတ  ဇီဂျန်ပင်းရဲ့ ၂၁ ရာစုမျှော်မှန်းချက်ထဲမှာ ယူနန်ဒေသဟာ Maritime Silk Road (MSR) ရေလမ်းသွား ပိုးလမ်းမကြီးရဲ့ မဟာဗျူဟာက မြန်မာပြည်ဖြစ်တယ်။ အဲတာအတွက် အမေရိကာဟာ မြန်မာပြည်မှာတိုးဝင်ဘို့ လိုအပ်လာပါတော့တယ်။
• ဒီအခင်းအကျင်းကို လာမဲ့အောက်တိုဘာအကုန်မှာ ကျင်းပမဲ့ရွေးကောက်ပွဲရလဒ်က သက်ရောက်လာနိုင်စရာ ရှိတယ်။ ဒါဟာတိုင်းပြည်ရဲ့ ပထဝီနိုင်ငံရေးကို အဆုံးအဖြတ်ပေးစရာ ရှိပါတယ်။
• ဒီဝဘ်ဆိုက်ထဲမှာ ဆက်ရေးထားတာက ယခုလ ၁၁ ကနေ ၁၅ အတွင်း အမေရိကန် လူ့အခွင့်အရေး + အလုပ်သမားရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski တွမ် မယ်လင်နော့စကီး နဲ့အတူ ပစိဖိတ်ကွန်မင်း ဗိုလ်ချုပ်ကြီး Anthony Crutchfield အင်သိုနီ ခရပ်ခ်ျဖီးလ် လည်းအတူပါခဲ့တယ်။ သူနဲ့အတူ အရှေ့တောင်အာရှ လက်ထောက် ကာကွယ်ရေးဝန်ကြီး David F. Helvey ဒေဗစ် ဟယ်လ်ဗေးလည်း ပါသွားခဲ့ပါသေးတယ်။ ဗိုလ်ချုပ်ကြီး ခရပ်ခ်ျဖီးလ်ဟာ မြစ်ကြီးနားအထိရောက်သွားတယ်။ အဲဒီမှာ တရုပ်လူမျိုးတွေ တိုက်ပွဲတွေကြားမှာ ပိတ်မိနေချိန်ဖြစ်တယ်။
• ကချင်ဒေသမှာ ပိုပြီးဆိုးဝါးလာနေတဲ့အခြေအနေဟာ တရုပ်အဖို့စိုးရိမ်စရာဖြစ်တယ်။
• Sina Military Network ဝဘ်ဆိုက်မှာ ရေးထားတာကတော့ ဖါးကန့်ကိုမြန်မာစစ်တပ်ကတိုက်လို့ ဒုက္ခသည်တွေ တရုပ်ပြည်ထဲကို ဝင်လာစရာရှိတယ်လို့ ဖြစ်တယ်။ ၂ဝဝ၉ တုံးကလည်း ကိုးကန့်အထူးဒေသမှာ ဖြစ်ခဲ့ဘူးသေးတယ်။
• တရုပ်အဖို့ မြန်မာကိုဆုံးရှုံးသွားမယ်ဆိုရင် ပိုးသားမဟာလမ်းမကြီးစီမံချက် ပျက်ရပါလိမ့်မယ်။ တရုပ်ဟာ မြန်မာအစိုးရနဲ့ ကျောက်ဖြူ-ယူနန် ရထားလမ်းစာချုပ်ချုပ်ဆိုထားပြီးဖြစ်တယ်။ ဒီလို အမေရိကန် လွှမ်းမိုးထားနိုင်တဲ့ မလက်ာရေလက်ကြားဒေသကို အရေးစိုက်စရာမလိုတဲ့ အကြံအစည်ကို အကောင်အထည် ဖေါ်ဘို့ရာ အခက်အခဲတွေ တွေ့ရပါလိမ့်မယ်။ နေပြည်တော်မှာ အမေရိကန်ဖက် ယိမ်းမဲ့ အစိုးရသာတက်မယ်ဆိုရင် ဒီအခက်အခဲတွေက နှစ်ဆတိုးစရာရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး